ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေး ပူတာအိုလွင်ပြင် ပတ်လမ်း (၂၅)မိုင်အတွင်း လမ်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ပူတာအို         ဇန်နဝါရီ ၂၂           ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအိုလွင်ပြင် ပတ်လမ်း ၂၅ မိုင်အတွင်း လမ်းလုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၃နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပူတာအိုမြို့သို့ လေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ပူတာအိုမြို့နယ်အတွင်း တောင်ပေါ်မြေပြန့်လွင်ပြင်ဖြစ်ပြီး ကျေးရွာပေါင်း ၂၈ ရွာ ၊ အိမ်ခြေ ၂၀၅၆ အိမ်နှင့် လူဦးရေစုစုပေါင်း ၁၀၉၄၀ ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့ အချိန်မီတင်ပို့ နိုင်ရေးနှင့် ဒေသတွင်း လူထုအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည် နယ်အစိုးရအဖွဲ့၏…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ရှိ ကျောင်းသား/သူ အိပ်ဆောင်နှင့်ထမင်းစားဆောင် ဆောက်လုပ်ခြင်းအတွက် ပန္နက်ရိုက်တင်‌ပေး

မြစ်ကြီးနား           ဇန်နဝါရီ ၂၁ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်၈နာရီ အချိန်က မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းသား/သူ အိပ်ဆောင်(၂)ထပ် နှင့် ထမင်းစားဆောင် ဆောက်လုပ်ခြင်း အတွက် ပန္နက်တင် အခမ်းအနားသို့ တက်ရောက်သည်။ ဦးစွာ ပြည်နယ်ဝန်ကြီးသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ရှိ ပါမောက္ခ၊ဌာနမှူးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ နှုတ်ဆက်စကား ပြောကြားသည်။ ယင်းနောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ၊နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးနှင့် တာဝန်ရှိသူ များသည် ကျောင်းသား/သူအိပ်‌ဆောင်နှင့် ထမင်းစားဆောင် အဆောက်အဦ ဆောက်လုပ်နိုင်ရန် အတွက် ပန္နက်ရိုက် တင်ပေးပြီး အမွှေးနံ့သာ ရေများ ပတ်ဖြန်းပေးခဲ့သည်။ အဆိုပါ ကျောင်းသား/သူ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဒူကထောင်ရပ်ကွက်အတွင်း လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား          ဇန်နဝါရီ ၂၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်အတွင်း လမ်းများခင်းကျင်း ဆောင်ရွက်ပေး နိုင်ရေးအတွက် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၈နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ပြည်နယ်ဝန်ကြီးချုပ်သည် ဒူကထောင်ရပ်ကွက် နယ်မြေ(၅) အတွင်းရှိ ရပ်မိ/ရပ်ဖ များနှင့် ရပ်ကွက်နေပြည်သူများ၏ လိုလားချက်အရ ရပ်ကွက်အတွင်းလမ်းများဖြစ်သည့် ဆိမ့်ဆလမ်း အရှည် ၁၂ဝဝပေ ၊ မနောလမ်း အရှည် ၁၁ဝဝပေ ၊ မဂ်လာလမ်း အရှည် ၁၃၂၅ပေ တို့အား ခင်းကျင်းပေးနိုင်ရေး ၊ရပ်ကွက်အတွင်း ကလေးကစားကွင်း ဆောင်ရွက်နိုင်ရေး မြေနေရာ အခြေအနေနှင့် ရေဝပ်သည့် နေရာများတွင် ရေနှုတ်မြောင်း များ ‌ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က စီတာပူရပ်ကွက်အတွင်းရှိ ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးကာ နှာခေါင်းစည်းMaskများနှင့်ထောက်ပံ့ငွေများ ပေးအပ်

မြစ်ကြီးနား           ဇန်နဝါရီ ၂ဝ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ဇန်နဝါရီလ ၂ဝ ရက်နေ့ နံနက် ၁ဝနာရီခွဲ အချိန်က စီတာပူ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။           အဆိုပါကာကွယ်ဆေးထိုးနှံပေးမှုအား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့်အတူ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်တို့က စီတာပူရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေး ဖောင်‌ဒေးရှင်း၏ ဝိုင်းဝန်းကူညီမှုဖြင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၏ ကာကွယ်ဆေး ထိုးနှံနေမှုအား ကြည့်ရှုအားပေးကာ ကာကွယ်ဆေးလာရောက်ထိုးနှံသော ‌ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားပြီး နှာခေါင်းစည်း Mask များကို အခမဲ့ ဖြန့်‌ဝေပေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ကာကွယ်ဆေး…

Read More

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇန်နဝါရီ ၁၉           ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင် များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်ထောင်စုနေ့ သည် မိမိတို့ နိုင်ငံအတွက် အရေးကြီးသည့် အခမ်းအနားတစ်ခုဖြစ်သည့်အတွက် မိမိတို့ ပြည်နယ် တွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် အခမ်းအနား တွင်လည်း ပြည်နယ်ကိုယ်စားပြု အလှပြယာဉ်များ ပါဝင်ပြသသွားမည်ဖြစ်ရာ အားလုံးက ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန်လိုကြောင်း၊ သို့ဖြစ်ပါ၍ ဆပ်ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့အား ပေးအပ်ထားသည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့၌ ရေကူးကန်တည်ဆောက်နေမှု၊ ကချင်တိုင်းရင်း သားရိုးရာဂျပ်ခုတ်သင်တန်းကျောင်းနှင့် လေဆိပ်ရှေ့ပန်းခြံတို့အား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ ၁၈           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့၌ ရေကူးပြေးလမ်း ၁၀ လမ်းပါ ရေကူးကန်တည်ဆောက်နေမှု၊ ရိုးရာဂျပ်ခုတ်သင်တန်းကျောင်း ပြုပြင်ဆောင်ရွက်နိုင်‌ရေး နှင့် လေဆိပ်ရှေ့ပန်းခြံဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲ တွင် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦး စီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရေကူးပြေးလမ်း ၁၀ လမ်းပါ (အလျား ၅၀ မီတာ၊ အနံ ၂၅ မီတာ) ရှိ ရေကူးကန်တည်ဆောက်နေမှုလုပ်ငန်းခွင်အတွင်း ပွဲကြည့်စင်ဆောက်လုပ်နေမှု၊ အမိုးဒိုင်းများ တည်ဆောက်ထားရှိမှုအခြေအနေတို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ် က စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီအောင် ဆောက်လုပ်သွားရေး တာဝန်ရှိသူများအားမှာ ကြားခဲ့သည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ချောမွေ့လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲနှင့် အသက်(၄၀)နှစ်အထက် ကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲသို့ တက်ရောက်ဆုချီးမြှင့်

မြစ်ကြီးနား     ဇန်နဝါရီ ၁၃           ကချင်ပြည်နယ် ကန်ပိုက်တီဂိတ်မှ တစ်ဆင့် မြန်မာ – တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်း များ ပိုမိုချောမွေ့လျင်မြန်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြန်မာ-တရုတ်ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြန်မာ – တရုတ်ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးလုပ် ငန်းကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တရပ်နားထားခဲ့ရသည့် နယ်စပ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများကို အားလုံး၏ ကြိုးပမ်းဆောင် ရွက်မှုကြောင့် ကုန်စည်စီးဆင်းမှုများ ပြန်လည်စတင်နိုင်သော်လည်း ကုန်စည်စီးဆင်းသည့် နေရာ တွင် နှစ်နိုင်ငံ ညှိနှိုင်းထားသည့် သဘောတူညီချက်အတိုင်း မျှမျှတတရှိစေရေးနှင့် လုပ်ငန်းများ ယခုထက် ပိုမိုချောမွေ့လျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ရေရှည်ကာလ…

Read More

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဗိုလ်ရှုသဘင်အခမ်းအနားတွင် ကချင်ပြည်နယ်မှ ဆင်ယင်ပြသသွားမည့် အလှပြယာဉ်များအတွက် ပြည်နယ်ကိုယ်စား တာဝန်ထမ်းဆောင်မည့်သူများအား တာဝန်ပေးအပ်

မြစ်ကြီးနား     ဇန်နဝါရီ ၁၂           ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ အခမ်းအနားတွင် နေပြည်တော်၌ ဗိုလ်ရှုသဘင်အခမ်းအနားအတွက် ကချင်ပြည်နယ် မှ ဆင်ယင်ပြသသွားမည့် အလှပြယာဉ် (၃)စီးအတွက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သည့် ဝန်ထမ်းများအား တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီတွင်  ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           တာဝန်ပေးအပ်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို ပြည်ထောင်စု၏ အနှစ်သာရနှင့် ပြည့်ဝစွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ရာ မိမိတို့ပြည်နယ်မှ ဆင်ယင်ပြသသွားမည့် အလှပြယာဉ် (၃)စီးအတွက် သတ်မှတ် ညွှန်ကြားချက်အတိုင်း မိမိတို့ ပြည်နယ်၏ အထင်ကရနေရာများ၊ ရိုးရာဓလေ့ထုံးစံများနှင့်…

Read More

တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ်ဖွင့်ပွဲနှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့်တွေ့ဆုံ ကောက်သစ်စားခြင်း အခမ်းအနားကျင်းပ

မြစ်ကြီးနား     ဇန်နဝါရီ ၁၁           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး  Jeng Phang နော်တောင်နှင့် ပြည်ထောင် စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့သည် ဇန်နဝါရီ ၁၁ ရက် နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၌ တည်ဆောက်ပြီးစီးသော တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးသစ် အဆောက်အဦအား ဖွင့်လှစ်ခဲ့ကြသည်။ ရှေးဦးစွာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျပ်သန်းပေါင်း ၃၈၇.၉၈ သန်း ကုန်ကျခံ ဆောက်လုပ်ခဲ့သည့် အလျား ၈၀ ပေ၊ အနံ ၆၀ ပေ၊ သံကူကွန်ကရစ် အဆောက်အဦးသစ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးJeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းနှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးခင်ရီ၊ ဦးစောထွန်းအောင်မြင့်၊…

Read More

မြစ်ကြီးနားမြို့၌ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားနှင့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇန်နဝါရီ ၁၀           (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက် နံနက် ၈ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မျက်ခင်းပြင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေး ကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်နှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးတို့ တက်ရောက် ကြသည်။           ရှေးဦးစွာ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်က ဖတ်ကြားပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်နေ့အထိမ်းအမှတ် မိန့်ခွန်းပြော…

Read More