ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေး ပူတာအိုလွင်ပြင် ပတ်လမ်း (၂၅)မိုင်အတွင်း လမ်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေး ပူတာအိုလွင်ပြင် ပတ်လမ်း (၂၅)မိုင်အတွင်း လမ်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ပူတာအို         ဇန်နဝါရီ ၂၂

          ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအိုလွင်ပြင် ပတ်လမ်း ၂၅ မိုင်အတွင်း လမ်းလုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၃နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပူတာအိုမြို့သို့ လေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ပူတာအိုမြို့နယ်အတွင်း တောင်ပေါ်မြေပြန့်လွင်ပြင်ဖြစ်ပြီး ကျေးရွာပေါင်း ၂၈ ရွာ ၊ အိမ်ခြေ ၂၀၅၆ အိမ်နှင့် လူဦးရေစုစုပေါင်း ၁၀၉၄၀ ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့ အချိန်မီတင်ပို့ နိုင်ရေးနှင့် ဒေသတွင်း လူထုအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည် နယ်အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိ သည့် ပူတာအို -လယ်မယ်ဝါဂျီ-နမ်ရှယ်ကော့-မန်စေခွန်-မန်စေလမ်း (ပူတာအိုလွင်ပြင်ပတ်လမ်း) လမ်းအရှည် ၂၅ မိုင်အတွင်းရှိ ပမ္မတီးကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၁ မိုင် ဆောင်ရွက်နေမှုများနှင့် လွင်ပြင်ပတ်လမ်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲအခြေအနေများနှင့် ပတ်သက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ တင်ပြ မှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် လွင်ပြင်ပတ်လမ်းအတွင်း နမ်ရှည်ကော့ကျေးရွာ နှင့် ဆထီလော်ကျေးရွာအကြား မြေပြန့်လွင်ပြင်နေရာ၌ ကျေးလက်နေ ပြည်သူများအတွက် လယ်ယာမြေဖော်ထုတ်၍ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ပေးနိုင်ရေး မြေဆီလွှာဖြစ်ထွန်းမှုအခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နန့်ပလပ်ချောင်းအတွင်း ကျေးလက်နေပြည်သူများ ကုန် ထုတ်ရာတွင် လွယ်ကူလျင်မြန်စွာဆောင် ရွက်နိုင်ရေးအတွက် တံတားအသစ် တည်ဆောက်ပေး နိုင်ရေး ကြိုးတံတားမှတဆင့် တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက် မန်စေ – မန်စေခွန်လမ်းပိုင်း ၁ မိုင်အား ကွန်ကရစ်လမ်းခင်းကျင်း ဆောင်ရွက် နိုင်ရေး လမ်းသားတိုးချဲ့ဆောင်ရွက်နေမှုများ၊ လမ်းဘေးဝဲ/ယာ လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆောင်အတွင်း တာဝန်ရှိသူ များနှင့် တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အချိန်မီဆောင်ရွက်ပြီးစီးရေး၊ ဒေသအတွက် အမှန်တကယ် အကျိုးပြုမည့် လုပ်ငန်းဖြစ်သည့်အတွက် သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။