ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၇/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်
မြစ်ကြီးနား စက်တင်ဘာ ၂၁ ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟို အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရမည့် လုပ်ငန်းအစီအစဉ် များနှင့် စပ်လျဉ်း၍ ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို စက်တင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အဆင့်ပြိုင်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်နယ်အဆင့်ပြိုင်ပွဲမှ အောင်မြင်မှုရရှိသူများအား ဗဟိုအဆင့်သို့ စေလွှတ်ယှဉ်ပြိုင်နိုင်ရေး လာမည့် ၂၇ ရက်နေ့တွင် စခန်းသွင်းလေ့ကျင့်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အဆင့် ပြိုင်ပွဲမှ အဆိုရှင် ၁၇ ဦး၊ အက…