မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်
မြစ်ကြီးနား အောက်တိုဘာ ၇ ကချင်ပြည်နယ်ရှိ အမျိုးသမီးများ၏ အားကစားကဏ္ဍ ပိုမိုတိုးတက်မြှင့်မားလာစေရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် လက်ရွေးစင်ကစားသမားများ ရွေးချယ်လေ့ကျင့်နိုင်ရေး အတွက် ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယကဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၆ ရက် ညနေ ၃ နာရီက ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ ဘောလုံးပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်နှင့်ပြည်နယ်ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အမျိုးသမီးအားကစား အဖွဲ့ဆပ်ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက ပြည်နယ်အတွင်းရှိ အမျိုးသမီး များ၏ အားကစားကဏ္ဍတိုးတက်မြှင့်မားရေးအတွက် ဆောင်ရွက်ခဲ့ရာ၌ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် အမျိုးသမီးလက်ရွေးစင်အသင်းများအနေဖြင့် ဂေါက်သီးရိုက်၊ အေရိုးဗစ်၊ ဘော်လီဘောနှင့် ဂျူဒိုပြိုင်ပွဲများအား…