
အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများရရှိခဲ့သော အောင်ပွဲရကချင်ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအား ပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆို
မြစ်ကြီးနား သြဂုတ် ၁၈ ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲတွင် ကချင်ပြည်နယ်လက်ရွေးစင် ဂျူဒို အသင်းအနေဖြင့် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက် ဖလား(၃)ခုလုံး အပြင် အမျိုးသား/အမျိုးသမီးအကောင်းဆုံးဆုများကို ဆွတ်ခူးရရှိခဲ့ပြီး သြဂုတ် ၁၈ ရက် ညနေ ၃ နာရီ ခွဲတွင် မြစ်ကြီးနားမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိရာ ဌာနဆိုင်ရာများ၊ ဒေသခံပြည် သူများက သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ရှေးဦးစွာအောင်ပွဲရလက်ရွေးစင်ဂျူဒိုအသင်းအားမြစ်ကြီးနားလေဆိပ်တွင် ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီ များ၊ ကချင်နှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများက အတီးအမှုတ်အကများ၊ အေရိုးဗစ်၊ ပန်းပွားအက များဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထို့နောက် အောင်ပွဲရလက်ရွေးစင်ဂျူဒိုအသင်းအား မြစ်ကြီးနားလေဆိပ်မှ…