ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ အားကစားမြှင့်တင်ရေးနှင့် အောင်ပွဲရပြည်နယ်လက်ရွေးစင် ဂျူဒိုအသင်းအား ဂုဏ်ပြုကြိုဆိုနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ အားကစားမြှင့်တင်ရေးနှင့် အောင်ပွဲရပြည်နယ်လက်ရွေးစင် ဂျူဒိုအသင်းအား ဂုဏ်ပြုကြိုဆိုနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၁၇

           ကချင်ပြည်နယ်၏ အားကစားမြှင့်တင်ရေးနှင့် အောင်ပွဲရ ပြည်နယ်လက်ရွေးစင် ဂျူဒိုအသင်း အား ဂုဏ်ပြုကြိုဆိုနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ် ၁၇ ရက် နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အစိုးရလက်ထက်တွင် ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး အားကစားကဏ္ဍတိုးတက်မြှင့်မားရေး အတွက် အားပေးတိုက်တွန်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရလာဒ်အနေဖြင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် တံခွန်စိုက်ဒိုင်းဆုများအပြင် အားကစားနည်းအလိုက် ဆုတံဆိပ် များကိုလည်း ဆွတ်ခူးရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်၏ အားကစားကဏ္ဍကို ယခုထက်ပိုမိုမြှင့် တင်ဆောင်ရွက်နိုင်ရေးနှင့် ရရှိပြီးအောင်မြင်မှုများကိုလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး မိမိတို့အစိုးရအဖွဲ့အနေဖြင့် အားပေးတိုက်တွန်းဆောင်ရွက်နေသကဲ့သို့ ဌာနဆိုင်ရာများနှင့်အားကစား နည်းအလိုက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများကလည်း ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂ခုနှစ်၊တိုင်းဒေသကြီးနှင့်ပြည်နယ်ဂျူဒိုအားကစား ပြိုင်ပွဲတွင် မိမိတို့ပြည်နယ်လက်ရွေးစင်အသင်းအနေဖြင့် ရွှေ ၁၁ ခု၊ ငွေ ၇ ခု၊ ကြေး ၂ ခုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဆုအပြင် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်ဆုများပါရရှိခဲ့သဖြင့် တံခွန် စိုက်ဒိုင်းဆု (၃)ခုစလုံးနှင့် အမျိုးသား/ အမျိုးသမီး အကောင်းဆုံးကစားသမားဆုများကိုလည်း ထိုက် ထိုက်တန်တန်ရရှိခဲ့ပြီး ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်နိုင်ခဲ့သည့်အတွက် စည်ကားခမ်းနားစွာ ကြိုဆိုနိုင် ရေးစီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း မှာကြားသည်။

ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြည်နယ်၏ အားကစားကဏ္ဍအလိုက် မြှင့်မား ရေးအတွက် အစိုးရအဖွဲ့မှ အားပေးကူညီပံ့ပိုးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အောင်မြင်မှု ရရှိခဲ့သည့် လက်ရွေးစင်ဂျူဒိုအသင်းအား ကြိုဆိုဂုဏ်ပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ က အားကစားကဏ္ဍမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများနှင့် အောင်ပွဲရဂျူဒို အသင်းအား ကြိုဆိုဂုဏ်ပြုနိုင်ရေး အားဖြည့်ဆောင်ရွက်သွားမည့် အစီအစဉ်များကို တင်ပြဆွေးနွေး ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိ ရသည်။

ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အမျိုးသမီးဂေါက်သီးရိုက်အသင်း၊ အေရိုးဗစ်အသင်း၊ အမျိုးသမီးဘောလီဘောအသင်းတို့က တံခွန် စိုက်ဆုဖလားများကို ဆွတ်ခူးရရှိထားခဲ့ပြီး ယခုအောင်ပွဲရခဲ့သော ဂျူဒိုအသင်းအနေဖြင့် အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် ရွှေ ၄ ခု၊ ငွေ ၅ ခုဖြင့် အမျိုးသားတံခွန်စိုက်ဆု၊ အမျိုးသမီးအသင်းအနေဖြင့် ပြိုင်ပွဲတွင် ရွှေ ၇ ခု၊ ငွေ ၂ ခု၊ ကြေး ၂ ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုနှင့် စုစုပေါင်း ရွှေ ၁၁ ခု၊ ငွေ ၇ ခု၊ ကြေး ၂ ခုဖြင့် စုပေါင်းတံခွန်စိုက်ဆု စသည့် တံခွန်စိုက် ၃ ခုလုံးအပြင် အမျိုးသား/ အမျိုးသမီး အကောင်းဆုံးဆုများကိုလည်း ရရှိခဲ့သဖြင့် ပြည်နယ်၏ လက်ရွေးစင်အားကစားအသင်းများတွင် အအောင်မြင်ဆုံးသော အားကစားနည်းတစ်ခုအဖြစ်ရှိနေကြောင်း သိရှိရသည်။