အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများရရှိခဲ့သော အောင်ပွဲရကချင်ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအား ပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆို

 အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများရရှိခဲ့သော အောင်ပွဲရကချင်ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအား ပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆို

မြစ်ကြီးနား     သြဂုတ် ၁၈

          ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲတွင် ကချင်ပြည်နယ်လက်ရွေးစင် ဂျူဒို အသင်းအနေဖြင့် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက် ဖလား(၃)ခုလုံး အပြင် အမျိုးသား/အမျိုးသမီးအကောင်းဆုံးဆုများကို ဆွတ်ခူးရရှိခဲ့ပြီး သြဂုတ် ၁၈ ရက် ညနေ ၃ နာရီ ခွဲတွင် မြစ်ကြီးနားမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိရာ ဌာနဆိုင်ရာများ၊ ဒေသခံပြည် သူများက သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

          ရှေးဦးစွာအောင်ပွဲရလက်ရွေးစင်ဂျူဒိုအသင်းအားမြစ်ကြီးနားလေဆိပ်တွင် ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီ များ၊ ကချင်နှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများက အတီးအမှုတ်အကများ၊ အေရိုးဗစ်၊ ပန်းပွားအက များဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

          ထို့နောက် အောင်ပွဲရလက်ရွေးစင်ဂျူဒိုအသင်းအား မြစ်ကြီးနားလေဆိပ်မှ မြို့တော်ခန်းမ အထိ ဂုဏ်ပြုကြိုဆိုပွဲသို့ သွားရာလမ်းတစ်လျှောက်တွင် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်း များ၊ ဒေသခံပြည်သူများက လမ်းဘေးဝဲ/ယာတစ်လျှောက်တွင် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ ကြပြီး မြို့တော်ခန်းမ၌ ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။

          ယင်းနောက် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အောင်ပွဲရဂျူဒိုအသင်းက အသီးသီးမိတ်ဆက်ခဲ့ကြပြီး အသင်းနည်းပြတစ်ဦးက ပြိုင်ပွဲဝင်ရောက်ရေးကြိုတင်ပြင်ဆင်ခဲ့မှုများနှင့် ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြကာ ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲတွင် ပြည်နယ်အသင်းမှ ဆွတ်ခူးရရှိခဲ့သည့် အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဆု ဖလားများနှင့် စုပေါင်း တံခွန်စိုက်ဆုဖလားများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ် အမျိုးသမီးအားကစားဆပ်ကော်မတီနာယကပြည်နယ်ဝန်ကြီးချုပ်၏ဇနီးတို့ထံ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ကချင်ပြည်နယ်၏ ဂျူဒိုအားကစားသမိုင်းတွင် စံချိန်တင်ဆုများကို ရယူခဲ့ပြီး ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်ပေးခဲ့သည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ ဆုတံဆိပ်များ ရယူခဲ့ကြသည့် အုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများ အားလုံး ကချင်ပြည်နယ်သူ/ ပြည်နယ်သားများကိုယ်စား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုပါကြောင်း ဂုဏ်ပြုအားပေးစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

အဆိုပါ အောင်ပွဲရ ကချင်ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအနေဖြင့် ၂၀၂၂ ခုနှစ် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ပြိုင်ပွဲတွင် အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ရွှေ ၄ ခု၊ ငွေ ၅ ခုဖြင့် အမျိုးသား တံခွန်စိုက်ဆုဖလားကို လည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ရွှေ ၇ ခု၊ ငွေ ၂ ခု၊ ကြေး ၂ ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ စုစုပေါင်း ရွှေ ၁၁ ခု၊ ငွေ ၇ ခု၊ ကြေး ၂ ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားကို လည်းကောင်း စုစုပေါင်းတံခွန်စိုက်ဆုဖလား ၃ ခုလုံးကို ရယူခဲ့သည့် အပြင် အမျိုးသား/ အမျိုးသမီး အကောင်းဆုံးကစားသမားဆုများကိုလည်း ရရှိခဲ့ကြောင်း သိရှိရသည်။