ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲနှင့် ရုံတွင်း (In Door) အားကစားပြိုင်ပွဲများ ဖွင့်ပွဲသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲနှင့် ရုံတွင်း (In Door) အားကစားပြိုင်ပွဲများ ဖွင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၁၃

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင်ပြည်သူ များအား ကူညီထောက်ပံ့နိုင်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေး ပွဲကို သြဂုတ် ၁၃ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီး ထိစပ်သည့်နေရာတွင် တည်ရှိသည့် ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင် ပြည်သူများသည် ဖားကန့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေး အဆောက်အအုံများတွင် အိမ်ထောင်စု (၅၄၅)စု၊ လူဦးရေ ၂၃၁၂ ဦးတို့သည် ခေတ္တတိမ်းရှောင်နေထိုင် လျက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ တိုက်ပွဲရှောင်ပြည်သူများအား လတ်တလော နေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် လုပ်ဆောင်ပေးသွားရမည်ဖြစ်ပြီး ရေရှည်အတွက် ပြန်လည်ထူ‌ထောင်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် စနစ်တကျစီမံခန့်ခွဲ နိုင်ရေး အားလုံးက ဝိုင်းဝန်းဆွေးနွေး‌ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မိုးညှင်းခရိုင်နှင့် ဖားကန့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ငြိမ်းချမ်းရေးအကျိုးတော်‌ဆောင်အဖွဲ့၊ကချင်ပြည်နယ်အခမဲ့ဆေးဝါး ကုသရေးဖောင်ဒေးရှင်း၊လူမှုကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဆယ်ဇင်းဒေသမှ ယာယီ တိမ်းရှောင်လာခဲ့ရသည့် ဖြစ်ရပ်ဖြစ်စဉ်များ၊ ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ခေတ္တ နေရာချထားပေးပြီး ကူညီထောက်ပံ့မှုဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ပြည်နယ်မှ သွား ရောက်ကူညီထောက်ပံ့ပေးသွားမည့် အစီအမံများနှင့် ရေရှည်အတွက် ပြန်လည်ထူထောင်ရေးနှင့် ပြန် လည်နေရာချထားရေးအတွက် စနစ်တကျစီမံဆောင်ရွက်သွားမည့် ကိစ္စရပ်များကို တင်ပြဆွေးနွေး ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင်ပြည်သူများ၏ ယာယီနေထိုင်ရာ နေရာများအထိ လတ်တလော အဆင်ပြေစေရေးအတွက် ကူညီထောက်ပံ့စောင့်ရှောက်မှုပေးနိုင်ရေး နှင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည် နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီများက ကြီးမှူးကျင်းပသည့် ရုံတွင်း (In Door)အားကစားပြိုင်ပွဲများဖြစ်သည့် ဘောလီဘော၊ ကရာတေး၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ စစ်တုရင် ပြိုင်ပွဲများ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

          ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ပြည်နယ်အတွင်း ဆောင်ရွက်လျက် ရှိသည့် ရုံတွင်းအားကစားပြိုင်ပွဲများအပါအဝင် အခြားသောပြိုင်ပွဲများ/ သင်တန်းများအားလုံးသည် ပြည်နယ်၏ အနာဂတ်အတွက် အရေးပါသည့် လူငယ်လူရွယ်များကို မွေးထုတ်ပျိုးထောင်ပေးနေသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ပြည်နယ်၏ အနာဂတ်အတွက် တောက်ပလာစေမည့် အရေးကြီးသည့် အခန်း ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့်လည်း သင်တန်းများ၊ ပြိုင်ပွဲငယ်များတွင်သာ ရပ်တန့်မနေဘဲ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရေးနှင့် အားကစားနည်းအလိုက် ဆပ်ကော်မတီများကလည်း အကောင်းဆုံးလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြရေး တိုက်တွန်း မှာကြားသည်။

          ထို့နောက် ရုံတွင်း အားကစားနည်း (၅)မျိုးမှ ကရာတေး၊ တိုက်ကွမ်ဒို၊ ဘောလီဘော အားကစားအဖွဲ့များက အားကစားနည်းအလိုက် သရုပ်ပြဖျော်ဖြေတင်ဆက်ပြသခဲ့ကြရာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။