မြစ်ကြီးနား မတ် ၄
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ စိမ်းလန်းစိုပြေပြီး သန့်ရှင်းသာယာလှပရေးအတွက် ပန်းမြို့တော်စီမံကိန်းဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် မတ်လ ၃ ရက်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်ရှိ ပြည်ထောင်စုလမ်းမကြီးဘေးတွင် ပြုလုပ်လျှက်ရှိသော အောင်ဇေရန်အောင်မြေယာရှုခင်းအတွင်း မြေယာရှုခင်းနှင့် အလှပြုပြင်၍ ရာသီ ပန်းအလှပင်များဖြစ်သော ပင်စိမ်းနီ၊ ကြက်မောက်၊ ချစ်တီးပု၊ နှဲပန်းများနှင့် နှစ်ရှည်ပင်များဖြစ်သည် အုန်းပွား၊ စင်္ကာပူချယ်ရီ၊ ဘဲစားမြက်များ စိုက်ပျိုးထားရှိမှုအခြေနေများနှင့် စိုက်ပျိုးရန်လျာထားသည့် မြေယာရှုခင်းနှင့် ပျိုးပင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားမြို့ ပြည်ထောင်စုလမ်းမကြီးနှင့် သခင်နက်ဖေလမ်းဘေး ဝဲ၊ယာ တစ်လျှောက် သပြေဘူတပန်းများ ဝေဝေဆာဆာဖူးပွင့်နေမှုများနှင့် အခြားရာသီပန်းအလှပင်များနှင့် နှစ်ရှည်အလှပန်းပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် မန်ခိန်ရပ်ကွက်၊ နယ်မြေ (၁၁)ရှိ သစ်ပုံဆိပ်လမ်း ကတ္တရာလမ်းအရှည်ပေ (၅၀၀) ခန့် ပျက်ဆီးနေမှုများအား ပြန်လည်ပြုပြင်ခင်းကျင်းနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



