
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ပြည်နယ်အတွင်း သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်
မြစ်ကြီးနား သြဂုတ် ၂၂ ကချင်ပြည်နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနား တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ပြည်နယ်အစိုးရဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အတွင်း သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲများကို သြဂုတ် ၂၂ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။ ရှေးဦးစွာ နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ဗဟိုခန်းမ၌ ပြည်နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့က ဦးဆောင်ကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင် ရာ အသိပညာပေးဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်းခြင်းပင် ဖြစ်ပါကြောင်း၊ “အဂတိဖယ်ခွာပြည်သာယာ” ဆိုသည့် ဆောင်ပုဒ် နှင့်အညီ လူ့အဖွဲ့အစည်းအတွင်း အဂတိကင်းစင်စေရန် နိုင်ငံဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ သာမက…