ကချင်ပြည်နယ်ဝန်ကြီးချုပ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲနှင့် နေရပ်ပြန်ကြမည့် ရခိုင်တိုင်းရင်းသားများအား ထောက်ပံ့ငွေများပေးအပ်ပွဲသို့ တက်ရောက်
မြစ်ကြီးနား သြဂုတ် ၁၆ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို သြဂုတ် ၁၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ကချင်ပြည်နယ်၌ ပထမဆုံး ဖွင့်လှစ်တည်ဆောက်သွားမည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း မြေနေရာသွားအဝင်လမ်း ဘေးဝဲ/ယာတွင် ကျင်းပပြု လုပ်သည်။ အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ က အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအဝင်လမ်း အရှည် ၁ မိုင် ၁ ဖာလုံလမ်းတစ်လျှောက် လမ်းဘေး ဝဲ/ […]Read More