ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နောင်စပ်အင်းနှင့် တာလောကြီးအင်း အတွင်း ငါးမျိုးစိုက်ထည့်မွေးမြူရန် ငါးသားပေါက်ကောင်ရေ (၂)သိန်းနှင့် ငါးအစာအိတ်များ ထောက်ပံ့ပေးအပ်ပြီး နောင်စပ်အင်းအတွင်း ငါးသားပေါက်များ စိုက်ထည့်မွေးမြူပေး၊ မြို့နယ် အတွင်း နွားမွေးမြူရေး လုပ်ငန်းနှင့် မိုးစပါးစိုက်ပျိုးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နောင်စပ်အင်းနှင့် တာလောကြီးအင်း အတွင်း ငါးမျိုးစိုက်ထည့်မွေးမြူရန် ငါးသားပေါက်ကောင်ရေ (၂)သိန်းနှင့် ငါးအစာအိတ်များ ထောက်ပံ့ပေးအပ်ပြီး နောင်စပ်အင်းအတွင်း ငါးသားပေါက်များ စိုက်ထည့်မွေးမြူပေး၊ မြို့နယ် အတွင်း နွားမွေးမြူရေး လုပ်ငန်းနှင့် မိုးစပါးစိုက်ပျိုးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၅

          ကချင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံစေရေးနှင့် ငါးထုတ်လုပ်မှု တိုးတက်မြှင့်မားလာစေ ရေးအတွက် မြစ်ကြီးနားမြို့နယ်အတွင်း နောင်စပ်အင်းနှင့် တာလောကြီးအင်းအတွင်း ငါးမျိုးစိုက် ထည့်မွေးမြူရန် ငါးသားပေါက်နှင့် ငါးအစာအိတ်များ ပေးအပ်ခြင်း အခမ်းအနားကို သြဂုတ် ၅ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ် သည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံ စေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် မိုးစပါးအပြင် သီးထပ်များဖြင့် စွမ်းအားပြည့်စိုက်ပျိုး လာနိုင်ရေးသွင်းအားစုများ ကြိုးပမ်းထောက်ပံ့ပေးအပ်လျက်ရှိသည့်အပြင် သား/ငါးထုတ်လုပ်မှုကဏ္ဍ တွင်လည်း ပြည်နယ် တွင်းဖူလုံစေရေးသာမက နိုင်ငံအတွက်ပါ ဖူလုံစေရေးအတွက် ရည်မှန်းချက် ထား၍လိုအပ်သည့်သွင်းအားစုများကို ထောက်ပံ့နိုင်ရေး စီမံဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ် ပါ၍ ယနေ့အခမ်းအနားတွင် နောင်စပ်အင်းနှင့် တာလောကြီးအင်း (၂)အင်းအတွက် လိုအပ်သော ငါးသားပေါက်များကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည့်အပြင် ငါးလုပ်ငန်းဦးစီးဌာနမှလည်း အင်း များအတွက် သွင်းအားစုဖြစ်သည့် ရေပေါ်အစာတောင့် အစာအိတ်များကို မွေးမြူရေးတောင်သူများ ထံ ပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်ငါးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောအောင်ရဲထွဋ်လွင်က ပြည်နယ် အတွင်း ငါးထုတ်လုပ်မှုကဏ္ဍတိုးတက်မြှင့်မားစေရေး အစုအဖွဲ့ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငါးမွေးမြူနိုင်ရေး ပံ့ပိုးပေးလျက်ရှိသည့်အခြေအနေများနှင့် ယနေ့ ငါးသားပေါက် စိုက်ထည့်ပေးသွား မည့် နောင်စပ်အင်းနှင့် တာလောကြီးအင်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့နယ်အတွင်းရှိ နောင်စပ်အင်းအတွက် လိုအပ်သော ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၂)သိန်းခွဲ၊ ငါးခုံးမကြီး (၅)သောင်း၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၃)သိန်းနှင့် ရေပေါ်အစာတောင့် အစာအိတ် (၁၀)အိတ်စီဖြင့် စုစုပေါင်း အစာအိတ် (၂၀)တို့ကို ရေလုပ်သားတောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ရာ အင်းရေလုပ်ငန်းဆောင် ရွက်သောတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်အတွင်းရှိ နောင်စပ်အင်းသို့ သွားရောက်ပြီး နောင်စပ်အင်း အတွင်း ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၁)သိန်းနှင့် ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ ၅ သောင်းတို့ကို တောင်သူများနှင့်အတူ စုပေါင်းစိုက်ထည့်ပေးကြကာ နောင်စပ်အင်းအား မြစ်ကြီးနား မြို့တွင်း စိမ်းလန်းစိုပြေ၍ အများပြည်သူအပန်းဖြေအနားယူနိုင်သည့် ရေကန်တစ်ခုအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ အင်းဧရိယာကို မြေပြင်အခြေအနေ စနစ်တကျ တိုင်းထွာစစ်ဆေး ဆောင်ရွက်ရေး၊ အင်းပတ်လည်တွင် လျှောက်လှမ်းနှင့် အလှပန်းပင်များဖြင့် သာယာလှပလာစေရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရေးဆွဲဆောင်ရွက်ရေး ဌာနဆိုင်ရာများ နှင့် ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး အင်းပတ်လည်ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှု  အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကတ်သလစ်အသင်းတော် လူငယ် ပြုစုပျိုးထောင်ရေးဂေဟာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သိန်း ၅၀၀ မတည်မှုဖြင့် နို့စား နွား ၁၇ ကောင် မွေးမြူထားရှိမှု အခြေအနေများ၊ နေဗီယာမြက်စိုက်ပျိုး၍ နွားစာကျွေးမွေးနေမှု အခြေ အနေများနှင့် နွားနို့ထုတ်လုပ်နိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တိရစ္ဆာန် အထောက်အကူပြုဆေးဝါးများနှင့် အစာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်အတွင်းရှိ ကွင်းအမှတ် (၇၁) ပမ္မတီးအနောက် မြောက်ကွင်း တောင်သူဦးချစ်ဆွေ၏ လယ် ၅ ဧကနှင့် ကွင်းတစ်ခုလုံးရှိ ဧကပေါင်း ၅၆ ဧကအတွင်း မိုးစပါးစိုက်ပျိုးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စိုက်ပျိုးရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ မိုးစပါးရိတ်သိမ်းချိန် သီးထပ်စိုက်ပျိုးနိုင်ရေး လိုအပ်သည့် စိုက်ပျိုးရေ၊ ကျွဲနွားအန္တရာယ်ကာကွယ်ရေး ခြံဝင်းခတ်ပေးနိုင်ရေးနှင့် မျိုးစေ့များ ထောက်ပံ့ပေးနိုင် ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ တောင်သူဦးချစ်ဆွေ၏ ခြံ၌ နို့စားနွား ၇ ကောင်မွေးမြူ ထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ကူညီပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး ခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ရွှေညောင်ပင်ရပ်ကွက်အတွင်းရှိ အမှတ် (၁၀)အခြေခံပညာ အထက်တန်းကျောင်းနှင့် ဧရာရပ်ကွက်အတွင်းရှိ အမှတ် (၉)အခြေခံပညာ အထက်တန်းကျောင်းတို့တွင်စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။