ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့ပေါ် Quarantine Centre များ နှင့် Isolation Centre များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး
မြစ်ကြီးနား ဇူလိုင် ၁၆ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း များအတွက် အသွားအလာကန့်သတ်ထားရှိသည့် Quarantine Centre များနှင့် ကိုဗစ်-၁၉ အတည် ပြုလူနာများ သီးသန့်ထားရှိသည့် Isolation Centre များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးတို့က ဇူလိုင် ၁၆ ရက် မွန်းလွဲ ၂နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပါဝင်ကူညီဆောင်ရွက်နေကြသူ များအား တွေ့ဆုံအားပေးထောက်ပံ့ခဲ့ကြသည်။ &Read More