ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိနိုင်ရန်အတွက် မြစ်ကြီးနားပြည်သူ့ဆေးရုံအတွင်း တိုးချဲ့လူနာဆောင်များပြင်ဆင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိနိုင်ရန်အတွက် မြစ်ကြီးနားပြည်သူ့ဆေးရုံအတွင်း တိုးချဲ့လူနာဆောင်များပြင်ဆင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၁၅

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်းများပြားလာ သည်နှင့်အမျှ ပိုးတွေ့အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိနိုင်ရေးတို့ အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားပြည်သူ့ဆေးရုံအတွင်းတိုးချဲ့လူနာ ဆောင်များ ထပ်တိုးပြင်ဆင်ဆောင်ရွက်နိုင်ရေး ဇူလိုင် ၁၅ ရက် မွန်းလွဲ ၃ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

          ပြည်သူ့ဆေးရုံအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများအား (၄)ထပ်ဆောင်သစ်နှင့် နှား၊ နှာခေါင်း၊ လည်ကြောင်းလူနာများ ကုသရေးအဆောင်တို့တွင် စောင့်ကြည့်၍ ကြပ်မတ်ကုသပေး လျက်ရှိရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေတို့သည် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားပြည်သူ့ဆေးရုံအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိနိုင်ရန်အတွက် အမျိုး သားဖျားနာဆောင်နှင့် အထူးကြပ်မတ်ဆောင်တို့တွင် ထပ်တိုးလူနာအဆောင်များအဖြစ် ပြင်ဆင်‌ ဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ယင်းနောက် ကိုဗစ်-၁၉ အတည်ပြုလူနာများကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူ့ ဆေးရုံအတွင်းရှိ အောက်ဆီဂျင်ဖြန့်ဝေရေးဌာနအဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အောက်ဆီဂျင်ထုတ်လွှင့်ပေးနိုင်မှုအခြေအနေ နှင့် အောက်ဆီဂျင် လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည့် အောက်ဆီဂျင်အိုး အရေအတွက် နှင့်ဆက်စပ်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေးတို့အပြင် တိုးချဲ့လူနာအဆောင်များအတွင်း ပြုပြင် ဆောင်ရွက်ရန် လိုအပ်သည်များနှင့် အောက်ဆီဂျင်စက်များ တိုးချဲ့တပ်ဆင်ပေးနိုင်ရေးတို့ကို  တာ ဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          မြစ်ကြီးနားပြည်သူ့ဆေးရုံအတွင်း ဆေးရုံကြီးပင်မဆောင်၊ (၄)ထပ်လူနာဆောင်နှင့် မူးယစ် ဆေးရုံတို့တွင်  ယနေ့ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄၇   ဦးတို့အား ကုသမှုပေးလျက်ရှိပြီး သားဖွားသင်သန်းကျောင်းနှင့် သူနာပြုသင်တန်းကျောင်းတို့တွင်လည်း  ကိုဗစ်အတည်ပြုလူနာများ ၇၇ ဦးတို့အား သီးသန့်ထားစောင့်ကြည့်လျက်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။