ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားပညာရေးကောလိပ်(၄)ထပ်ဆောင် တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် သီးခြားစောင့်ကြည့်ရေးအဆောင်အဖြစ် ပြင်ဆင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားပညာရေးကောလိပ်(၄)ထပ်ဆောင် တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် သီးခြားစောင့်ကြည့်ရေးအဆောင်အဖြစ် ပြင်ဆင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၁၂

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ် ငန်းများအပြင် ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားပညာရေးကောလိပ်(၄)ထပ် စာသင်ဆောင်သစ် တွင် ပိုးတွေ့လူနာများအား သီးခြားစောင့်ကြည့်ရေးအဆောင်အဖြစ် ထားရှိနိုင်ရေး ဇူလိုင် ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားပညာရေးကောလိပ်(၄) ထပ်ဆောင်သစ်တွင်ပိုးတွေ့လူနာများအားသီးခြားစောင့်ကြည့်ထိန်းချုပ်နိုင်ရေးအတွက်အဆောက် အဦအတွင်း အခန်းများ ဖွဲ့စည်းမှုအခြေအနေနှင့် ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်မှု ရှိ/ မရှိနှင့် အခန်းများအလိုက် လူနာများထားရှိသွားနိုင်မည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဆောင်အဦအတွင်းပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ လူနာများအတွက် အသုံးအဆောင်ပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ ကို ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအကြား ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကာ ကုသရေးလုပ်ငန်းဆောင်ရွက်နေကြသည့် မြစ်ကြီးနားပြည်သူ့ဆေးရုံမှ ဆရာဝန်၊ သူနာ ပြုများအတွက် ငွေကျပ် (၁၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ကချင်ပြည်နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှ ဇူလိုင် ၁၁ ရက်နေ့အထိ ပိုးတွေ့လူနာစုစုပေါင်း (၂၁၅၆)ဦး၊ သေဆုံးသူ (၁၅)ဦးထိရှိကြောင်း သိရှိရပြီး  မြစ်ကြီးနားမြို့နယ်အနေဖြင့် ဇူလိုင် (၁၁) ရက်နေ့အထိ ပိုးတွေ့ လူနာစုစုပေါင်း (၂၆၇)ဦး၊ သေဆုံးသူ (၁၀)ဦးရှိကြောင်း ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။