ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါကုသရေးလုပ်ငန်းအတွက် အောက်ဆီဂျင် လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အောက်ဆီဂျင်စက်ရုံ ထုတ်လုပ်လည်ပတ်နိုင်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါကုသရေးလုပ်ငန်းအတွက် အောက်ဆီဂျင် လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အောက်ဆီဂျင်စက်ရုံ ထုတ်လုပ်လည်ပတ်နိုင်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၁၃

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးနှင့် လုံလောက်သည့် ပမာဏပြည့်မီစွာရရှိရေး အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့၊ မန်ခိန် ရပ်ကွက်အတွင်းရှိ အောက်ဆီဂျင်စက်ရုံလည်ပတ်မှုအခြေအနေအား ဇူလိုင် ၁၃ ရက် နံနက် ၁၁ နာရီ တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးကျော် လင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စိန်ကမ္ဘာစက်ရုံအတွင်းအောက်ဆီဂျင်ထုတ်လုပ် ရေးအတွက် စက်ကြီးများဖြင့် လည်ပတ်နေမှု၊ စက်ကြီးများကို နေ့စဉ် ၁၅ နာရီကြာ လည်ပတ်ပြီး လီတာ (၄၀)ဆံ့ အောက်ဆီဂျင်အိုးအလုံးရေ ၁၀၀ ကျော် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှုအခြေအနေ များနှင့်စပ်လျဉ်း၍ စက်ရုံတာဝန်ခံ ဦးအောင်နိုင်ဝင်းနှင့် တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းပြသမှု များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စက်ရုံအဆက်မပြတ်လည်ပတ်နိုင် ရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရေး၊ စက်ပစ္စည်းများ ချို့ယွင်းအား နည်းမှု မဖြစ်ပေါ်စေရေးနှင့် လိုအပ်ချက်များ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ရေးဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ စက်ရုံ အလုပ်သမားများအတွက် အာဟာရမုန့်များနှင့် နှာခေါင်းစည်း Mask များကို ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။

          ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ပျံ့ပွားလာမှု ပိုမိုများပြားလာသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဇူလိုင် ၁၃ ရက်နေ့မှ စတင်၍ Stay At Home အစီအစဉ်တွင် ပါဝင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။