ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ပြည်သူများနှင့် အတူ တစ်ပျော်တစ်ပါးပါဝင်ဆင်နွှဲ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဒီဇင်ဘာ ၇           ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်း လျှောက်ပွဲကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာ ၇ ရက် နံနက် ၅ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ အထူးတန်းပွဲကြည့်စဉ်ရှေ့ စုရပ်မှ သတ်မှတ်လမ်းကြောင်းအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။           အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည် နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဦးစီးမှူးများ/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ မြစ်ကြီးနားမြို့ပေါ်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ တာဝန်ရှိသူများနှင့် ဝန်ထမ်း များ၊ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သား/ ငါးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် စနစ်တကျထိန်းသိမ်းကြပ်မတ်ကွပ်ကဲနိုင်ရေး သား/ ငါးဒိုင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၆           ကချင်ပြည်နယ်အတွင်း သား/ငါးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်ရေး၊ စနစ် တကျထိန်းသိမ်းကြပ်မတ်ကွပ်ကဲနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ သားသတ်လိုင်စင်ရရှိလုပ်ကိုင်နေသူ များ၊ သား/ငါးဒိုင်များနှင့် ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ ကုန်ဈေးနှုန်းကြီးမြှင့်မှုကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး နေ့စဉ် ဖြစ်ပေါ်လျက်ရှိသည့် ဈေးနှုန်းများ ကို စဉ်ဆက်မပြတ် ကြပ်မတ်ကွပ်ကဲလျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ဈေးကွက်စီးပွားရေးအရ လုပ်ကိုင်ရာတွင်လည်းကောင်း၊ ဝမ်းရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရာတွင်လည်းကောင်း၊ အများ ပြည်သူနှင့် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည့်အတွက် ကျွန်းကိုင်မီ၊ ကိုင်းကျွန်းမီဖြစ်နေသည်ကို သိရှိနားလည်၍ ထိန်းသိမ်းကြရန်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ မိသားစုခရစ္စမတ်ပွဲတော်နှင့် ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအစီအစဉ်တွင် ပါဝင်ကြမည့် ပြည်နယ်ကိုယ်စားပြုရိုးရာအကအဖွဲ့အား တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     ဒီဇင်ဘာ ၆           ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသွားမည့် ၂၀၂၄ ခုနှစ်၊ မိသားစုခရစ္စမတ်ပွဲတော် နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား များအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်‌ရေးအတွက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နှစ်စဉ် ကျင်းပပြုလုပ်သည့် အခမ်းအနားများဖြစ်သည့်အတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအသီးသီး အနေဖြင့် လုပ်ငန်းတာဝန်များအပေါ် အလေးထားဆောင်ရွက်ကြရန် လိုကြောင်း၊ အခမ်းအနားများ ကျင်းပရာတွင် အဖွဲ့အစည်းအားလုံးပါဝင်ပြီး နွေးထွေးစည်းလုံးချစ်ခင်စွာ၊ ခမ်းနားထည်ဝါစွာဖြင့် ကျင်းပပြုနိုင်ရေး အလေးအနက်ထား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်း အသားစားသုံးမှုဖူလုံစေရေးအတွက် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကြက်နှင့် နွားမွေးမြူရေးခြံများအား ကွင်းဆင်းစစ်ဆေး၊ ဧရာဝတီရှုခင်းသာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အင်ဂျန်းချောင်းဆုံနေရာအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဒီဇင်ဘာ ၅           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၅ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့နယ်အတွင်း မွေးမြူရေးခြံများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့်ကျေးရွာစီမံကိန်း ကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ် လွယ်ခေါကျေးရွာအတွင်း နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ ငွေကျပ်သိန်း (၁၀၀၀)ရင်းနှီးမတည်ပေးမှုဖြင့် ပိုင်ရှင် ဦးသိန်းဟန် အပါအဝင် အစုအဖွဲ့ (၂၇)ဦးဖြင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရေးရာသီတွင် သီးထပ်စွမ်းအားနှင့် ဆီထွက် သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဒေသအလိုက် ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်များ အဆင့်မြှင့်တင်/ အသစ်တည်ဆောက်ခြင်း လုပ်ငန်းများ တိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၄           ကချင်ပြည်နယ်အတွင်း (၅)နှစ်စီမံကိန်းဖြင့် သီးထပ်စွမ်းအား ၂၀၀ ရာခိုင်နှုန်းရရှိရေးနှင့် ဆီထွက်သီးနှံ ၁၀၀ ရာခိုင်နှုန်း ပြည့်မီကျော်လွန်စေရေး၊ ဆန်စက်၊ ဆီစက်နှင့် ပဲခွဲစက်များ အဆင့်မြှင့် တင်/ အသစ်တိုးချဲ့တည်ဆောက်ခြင်းများအတွက် ပန်းတိုင်ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီတွင် ခရိုင်/ မြို့နယ်များအလိုက် လုပ်ငန်းတိုးတက်မှုအခြေအနေများ နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လာမည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီတွင် သီးထပ်စိုက်စွမ်းအားနှင့် ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေး မြို့နယ်အလိုက် တိုးမြှင့်ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအမံများအပေါ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်၊ (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် လူထုအခမ်းအနား၊ မနောပွဲအက၊ ပြပွဲ ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၃           ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို ပြည်နယ်မသန်စွမ်းသူများအသင်း အဖွဲ့က အဖွင့်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးသည်။           ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အတွက် “အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး မသန် စွမ်းသူများ ခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး” ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်တွင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မသန်စွမ်းသူများအတွက်ကျန်ရစ်ခဲ့ခြင်း မရှိစေရေး ကိုယ်တိုင်ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် မမေ့မလျော့ ကူညီဆောင်ရွက်ပေးသွားကြရန် အလေးအနက်ထား တိုက်တွန်းလိုကြောင်း ပြောကြားသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအတွက် သင်တန်းများဖွင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဒီဇင်ဘာ ၂           “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ အားလုံးပေါင်းစု ကြိုးပမ်းဖို့ ဘေဂျင်းကြေညာ စာတမ်းနှင့် လုပ်ငန်းစီမံချက်နှစ် (၃၀)ပြည့်ဆီ အရောက်လှမ်းစို့” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်း အနားကို ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီခွဲ မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကျား/မ ဖြစ်ခြင်းကို အခြေခံ ဖြစ်ပေါ်လာသော အကြမ်းဖက်မှုကို လူ့အခွင့်အရေးချိုးဖောက်သောကိစ္စရပ်များအဖြစ် အသိအမြင် တိုးလာစေရေး အမျိုးသမီးများအား အကြမ်းဖက်မှုလျော့ချရေး လုပ်ငန်းများ ပိုမိုရှင်းလင်းမြင်သာလာ စေရန် ဖြစ်ပါကြောင်း၊ မိမိတို့ ကချင်ပြည်နယ်အတွင်းမှာလည်း ယခုလို (၁၆)ရက်တာ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား နှင့် ၂၀၂၄ ခုနှစ်၊ သျှမ်းနှစ်သစ်ကူးပွဲနှင့် ကောက်ဦးဆွမ်းကပ်ပွဲ၊ ပညာဘဏ်ကိုယ်ပိုင်အထက်တန်း ကျောင်း၏ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားများသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     ဒီဇင်ဘာ ၁           ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီက စတင်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက မွန်းလွဲ (၂)နာရီတွင် ဘွဲ့နှင်းသဘင်ခန်းမ၌ တက်ရောက်အားပေးချီးမြှင့်ကြသည်။           ရှေးဦးစွာ ဘွဲ့နှင်းသဘင် အခမ်းအနားသို့  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင် များ၊ ပညာ‌ရေးအဖွဲ့ဝင်များနှင့်အတူ ဘွဲ့နှင်းသဘင်စင်မြင့်တွင် နေရာယူကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘွဲ့ရမောင်/မယ်များအား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဗလငါးတန် ပြည်စုံသောလူငယ်၊ လူရွယ်ပညာတတ်များ ပေါများထွန်းကားလာစေရန် လိုအပ် ပါကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ…

Read More

https://2020election.uec.gov.mm

https://2020election.uec.gov.mm ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို ဖော်ပြပါ website တွင် လေ့လာဖတ်ရှုနိုင်မည်ဖြစ်ပါသည် ——-http://2020election.uec.gov.mm

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပ၊ အင်းတော်ကြီး ငါးလုပ်ငန်းစခန်းအား ပြန်လည်ပြုပြင်၍ ငါးသားပေါက်များ ထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၇           ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ပေးနိုင်ခြင်းအားဖြင့် ပြည် နယ်၏ စီးပွားရေးနှင့် စားရေရိက္ခာဖူလုံမှု အထောက်အပံ့ဖြစ်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို မတ် ၇ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်သည် သဘာဝ အရင်းအမြစ် ပေါကြွယ်ဝပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းသည့် ပြည်နယ်တစ်ခုဖြစ်သည့် အတွက် ယနေ့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များအနေဖြင့် ပေါများကြွယ်ဝသော သဘာဝ အရင်းအမြစ်ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက်…

Read More