တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ၊ မေးခွန်း (၇)ခု မေးမြန်းခြင်းနှင့် အဆိုတစ်ခု ထပ်မံတင်သွင်း
မြစ်ကြီးနား ဇွန် ၁၁ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၁၁ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့အစီအစဉ်များကို ကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။ ထို့နောက် ဗန်းမော်မြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ် (၁) ဦးဖိုးပါကြွယ်၊ မိုးကောင်းမြို့နယ် မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ်(၁) ဦးနေလင်းစိုး၊ ဝိုင်းမော်မြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ်(၁) ဒေါ်မိုးသီတာသိန်း၊ ဝိုင်းမော်မြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ်(၂) ဦးချန်းဂျောင်ဆားရ်၊…