ကချင်ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာအောင်ဝင်း ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ပညာပေးပြခန်းကြည့်ရှုစစ်ဆေး
ပူတာအို မေ ၁၉ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာအောင်ဝင်းသည် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးပညာပေးပြခန်းကို မေ(၁၈)ရက် ညနေပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ဒေါက်တာအောင်ဝင်းသည် ပူတာအိုမြို့ ခါကာဘိုရာဇီ အမျိုးသားဥယျာဥ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး ပူတာအိုဒေသသည် ဖွံ့ဖြိုးမှုအလားအလာကောင်းသော ဒေသဖြစ်သည့်အပြင် သဘာဝတောတောင်၊ ရေ၊ မြေ ထူးခြားသည့် ဒေသဖြစ်သည့်အတွက် နိုင်ငံတော်အကြီးအကဲများ၏ အရေးစိုက်အလေးထားခြင်းကိုခံရသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ဒီဒေသတွင် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအနေဖြင့် ဒေသခံပြည်သူလူထုနှင့် တစ်သားတည်းဖြစ်အောင် ကြိုးပမ်းနေထိုင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် မိမိတို့ကိုပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း တိုက်တွန်းပြောကြားသည်။ ဆက်လက်၍ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ…