
ကချင်ပြည်နယ်ဝန်ကြီးချုပ် နှစ် (၈၀) ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက် ဂုဏ်ပြု၊ ဧရာဝတီမြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းအတွက် ဗလမင်းထင်တံတားအောက်ဘက် သဲသောင်တူးခြင်း လုပ်ငန်းစတင်ဆောင်ရွက်သွားမည့် အစီအစဉ်အား ကွင်းဆင်းစစ်ဆေး၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေး
မြစ်ကြီးနား မတ် ၂၇ နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ မတ် ၂၇ ရက် နံနက် ၇ နာရီက တိုင်းစစ်ဌာနချုပ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ စစ်ရေးပြမှူးနှင့်စစ်ရေးပြတပ်ခွဲများက စစ်ကြောင်းပုံဖြင့် ချီတက်၍ စစ်ရေးပြအစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တိုင်းစစ်ဌာချုပ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်နယ်များမှ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိစစ်သည်မိသားစုဝင်များ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြသည်။ ဆက်လက်၍ တိုင်းမှူးက တပ်မတော်နေ့ မိန့်ခွန်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့်…