ကချင်ပြည်နယ်ဝန်ကြီးချုပ် တနိုင်းခရိုင်အတွင်း ဟူးကောင်းဒေသအတွင်း တန်(၂၀)ကျ ဒိုးကလေးဆန်စက်ဖွင့်လှစ်ပေး၊ သီးထပ်စိုက်ပျိုးရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်သရုပ်ပြပွဲနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် မတည်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
တနိုင်း ဖေဖော်ဝါရီ ၁၈ ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ဟူးကောင်းဒေသအတွင်း ဒေသဝမ်းစာ ဆန်နှင့်ဒေသတွင်း စားဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေးနှင့် ထုတ်ကုန်လုပ်ငန်းများ တိုးမြှင့်လာစေရေးတို့အတွက် တနိုင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၇ နာရီခွဲက တနိုင်းမြို့ စည်ပင်သာယာဈေးသို့ သွားရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်း ပြည်နယ်အဆင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်ဖုန်းအောင်နှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် စည်ပင်သာယာမနက်ဈေး၌ ဒေသထွက်ပယင်းအချောထည်များ ရောင်းချနေမှုနှင့် ဒေသထွက်အသီးအနှံများ ရောင်းဝယ်ဖောက်ကားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး…