ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှု၏ အခြေခံဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ၏ စိုက်ပျိုးဧကနှင့် အထွက်နှုန်းများ၏ ကိန်းဂဏန်းများ မြေပြင်ပကတိအခြေ အနေအတိုင်း စာရင်းကောက်ယူတင်ပြနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား မတ် ၃           ကချင်ပြည်နယ်အတွင်း ၂၀၂၅ – ၂၀၂၆ ခုနှစ်အတွက် မိုးစပါး၊ နွေစပါးအပါအဝင် စိုက်ပျိုးသီးနှံများ၏ စိုက်ပျိုးဧကများနှင့် အထွက်နှုန်းများ မြေပြင်ပကတိအခြေအနေမှန်အတိုင်း စာရင်းများကောက်ယူ၍ တိကျမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရသည့်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံ၏အသက်သွေးကြောဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍတွင် ကိန်းဂဏန်းစာရင်းများ တိကျမှန်ကန်စေရေးနှင့် ကိန်းဂဏန်းများ ဖောင်းပွမှုမရှိရန် အလွန်အရေးကြီးပါကြောင်း၊ ဏိန်းဂဏန်းများတိကျမှန်ကန်ခြင်းသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတက်မှု၏ အခြေခံဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကိန်းဂဏန်းများ စုဆောင်းသည့်နေရာတွင် ပကတိအခြေအနေနှင့် အနီးစပ်ဆုံးတိကျမှန်ကန်စေရေး ကွင်းဆင်းကောက်ယူခြင်း၊ တောင်သူများထံမှ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တက်ရောက်၊ ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော်လောင်းလှူပူဇော် မိုးညှင်းမြို့၌ နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ နှစ်(၅၀)ပြည့် ရွှေရတုထိမ်းအမှတ် ဗိမ္မာန်တော်သစ်ဖွင့်ပွဲသို့တက်ရောက်

မြစ်ကြီးနား မတ် ၂           (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍတွင် စွမ်းစွမ်းတမံစွမ်းဆောင်ခဲ့ကြသော တောင်သူဦးကြီးများအား စံပြထူးချွန်ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖတ်ကြားသည်။           ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးသိန်းက တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စားနပ်ရိက္ခာကို ဖြည့်ဆည်းပေးနေကြသည့် ကျေးဇူးတင်တောင်သူဦးကြီးများကို ဂုဏ်ပြုသည့်အနေဖြင့် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီူချုပ် မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာအတွင်းရှိ မွေးမြူရေးတောင်သူများအတွက် ဒေသဝက်/ကြက်၊ အစာနှင့် ဆေးဝါးပစ္စည်းများ အခမဲ့ထောက်ပံ့၊ ဘုန်းတော်ကြီးကျောင်းတိုက်များ၌ ကသာမြို့နယ်မှ ယာယီခိုလှုံနေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် မိသားစုများအား ဆန်နှင့် ဆီများထောက်ပံ့၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် အောင်ချက်မြင့်မားရေးအတွက် သင်ကြားရေးဆရာ၊ ဆရာမများ၊ Grade-12 ကျောင်းသား/ ကျောင်းသူများအား တွေ့ဆုံအားပေးထောက်ပံ့

မိုးညှင်း ဖေဖော်ဝါရီ ၂၈ ‎            ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စားရေရိက္ခာဖူလုံရေး၊ ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မိုးညှင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မိုးညှင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြသည်။ ‎            ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်ဝသုန်စိုး၊ ပြည်နယ်အဆင့် ဌာနဆိုင်တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများနှင့်အတူ မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာ (Smart Village)သို့ သွားရောက်ခဲ့ကြပြီး ကျေးရွာအတွင်းရှိ သီရိရတနာခန်းမဆောင်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးကျင်းပသည့် မူးယစ်ဆေးဝါးပပျောက်ရေးအထောက်အကူပြု အသက်မွေးဝမ်းကြောင်းဆိုင်ရာမွေးမြူရေးတိရစ္ဆာန်များ အခမဲ့ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။             အခမ်းအနားတွင် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာခင်ဇော်က မူးယစ်ဆေးဝါးပပျောက်ရေး၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ မွေးမြူရေးတိရစ္ဆာန်များ အခမဲ့ထောက်ပံ့ပေးအပ်သွားမည့်…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့အတွင်းရှိ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများ ခွင့်ပြုချက်ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၇ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ မြစ်ကြီးနားမြို့ရှိ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများအား ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ရှိ Moe and Nyein စိန်ရွှေရတနာဆိုင်ကိုလည်းကောင်း၊ JKရတနာအရောင်းဆိုင်ကိုလည်းကောင်း လက်ဝတ်ရတနာများ၊ ရွှေနှင့်ရွှေကြမ်းဖြင့် ပြုလုပ်သောအနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား ဌာန၏ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုချက် ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ညွှန်ကြားချက်များနှင့်အညီ ရောင်းဝယ်ဖောက်ကားရေး၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လိုအပ်သလိုစိစစ် အရေးယူဆောင်ရွက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ကြရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စည်ပင်သာယာဈေ (၁)အတွင်းရှိ…

Read More

မြစ်ကြီးနားမြို့၌ (၂၈)ကြိမ်မြောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဝတ်အသင်းများ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ် ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၇ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် မြစ်ကြီးနားမြို့နယ် ဗုဒ္ဓဘာသာသာသနာရေးရာအဖွဲ့ကကြီးမှူးကျင်းပသည့် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဝတ်အသင်းများ (၂၈)ကြိမ်မြောက် ဗုဒ္ဓ‌ဒေသနာတော်ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ်ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ရှိ သာသနာ့ဗိမာန်တော်၌ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီက ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ယခုလို ဗုဒ္ဓ‌ဒေသနာတော်ရွတ်ဆိုမှုရွေးချယ်ပွဲ ကျင်းပပေးခြင်းဖြင့် လူငယ်လူရွယ် ဗုဒ္ဓဘာသာဝင်လူငယ်တိုင်း ဘာသာတရားကို စိတ်ပါဝင်စာပြီး ဗုဒ္ဓ၏သွန်သင်ဆုံးမမှုများကို ခံယူကျင့်သုံးခြင်းဖြင့် ယဉ်ကျေးသိမ်မွေ့သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဗုဒ္ဓ၏တရားဒေသနာတော်များကို လိုက်နာကျင့်ကြံအားထုတ်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့စရိုက်ကို မြတ်နိုးထိန်းသိမ်းစောင့်ရှောက်တတ်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် မြစ်ကြီးနားမြို့နယ် ဗုဒ္ဓဘာသာသာသနာရေးရာအဖွဲ့ ဥက္ကဋ္ဌက သာသနာရေးရာအဖွဲ့၏ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်စခန်းနေ ပြည်သူများအား မနောရွှေပြည်ခန်းမ၌တွေ့ဆုံ၍ ဆန်အိတ်များထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၆           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်မြေအခြေအနေအရ မြစ်ကြီးနားမြို့ပေါ်တွင် လာရောက်တိမ်းရှောင်ခိုလှုံနေထိုင်လျက်ရှိသော ပြည်သူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး စဉ်ဆက်မပြတ်ပံ့ပိုးထောက်ပံ့ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁၂ နာရီခွဲက ဝိုင်းမော်မြို့ နယ်၊ ဗန်းမော်မြို့နယ်နှင့် ကသာမြို့နယ်တို့မှ ယာယီတိမ်းရှောင်ပြည်သူများအား မြစ်ကြီးနားမြို့ စုပေါင်းရုံးဝင်းရှိ မနောရွှေပြည်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သွားရောက်တွေ့ဆုံအားပေးခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဝိုင်းမော်မြို့နယ် စန်းကား၊ ရွှေညောင်ပင်၊ အောင်မြေ-(၁)၊ ဇယ်ခမ်းနှင့် ကျန်းခမ်ကျေးရွာများ၊ ကသာမြို့နယ်၊ ဗန်းမော်မြို့နယ်များမှ ယာယီတိမ်းရှောင်၍ မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်စခန်းများ၌ ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု (၅၄၁)စုအတွက် စုစုပေါင်းငွေကျပ်သိန်း (၄၃၂၈၀၀၀၀) တန်းဖိုးရှိ ဆန် (၂၄)ပြည်ပါအိတ် (၅၄၁)အိတ် ထောက်ပံ့ပေးအပ်ခဲ့ရာ တိမ်းရှောင်အိမ်ထောင်စုများကိုယ်စား စခန်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်စခန်းနေ ပြည်သူများအား မနောရွှေပြည်ခန်းမ၌တွေ့ဆုံ၍ ဆန်အိတ်များထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၆           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်မြေအခြေအနေအရ မြစ်ကြီးနားမြို့ပေါ်တွင် လာရောက်တိမ်းရှောင်ခိုလှုံနေထိုင်လျက်ရှိသော ပြည်သူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး စဉ်ဆက်မပြတ်ပံ့ပိုးထောက်ပံ့ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁၂ နာရီခွဲက ဝိုင်းမော်မြို့ နယ်၊ ဗန်းမော်မြို့နယ်နှင့် ကသာမြို့နယ်တို့မှ ယာယီတိမ်းရှောင်ပြည်သူများအား မြစ်ကြီးနားမြို့ စုပေါင်းရုံးဝင်းရှိ မနောရွှေပြည်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သွားရောက်တွေ့ဆုံအားပေးခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဝိုင်းမော်မြို့နယ် စန်းကား၊ ရွှေညောင်ပင်၊ အောင်မြေ-(၁)၊ ဇယ်ခမ်းနှင့် ကျန်းခမ်ကျေးရွာများ၊ ကသာမြို့နယ်၊ ဗန်းမော်မြို့နယ်များမှ ယာယီတိမ်းရှောင်၍ မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်စခန်းများ၌ ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု (၅၄၁)စုအတွက် စုစုပေါင်းငွေကျပ်သိန်း (၄၃၂၈၀၀၀၀)တန်းဖိုးရှိ ဆန် (၂၄)ပြည်ပါအိတ် (၅၄၁)အိတ် ထောက်ပံ့ပေးအပ်ခဲ့ရာ တိမ်းရှောင်အိမ်ထောင်စုများကိုယ်စား စခန်းတာဝန်ခံတစ်ဦးက ကျေးဇူးတင်စကားနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၏ (၂၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်၊ ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် စားဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ၊ နွေး/မိုးစပါးရိတ်သိမ်းပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဖေ‌ဖော်ဝါရီ ၂၅           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားတက္ကသိုလ်၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သုတေသနသည် တက္ကသိုလ်တစ်ခု၏ အသက်သွေးကြောတစ်ခုဖြစ်သည့်အပြင် တက္ကသိုလ်တစ်ခု၏ပညာရပ်ဆိုင်ရာမြင့်မားမှုသည် သုတေသနလုပ်ငန်းများ၏ အရည်အသွေးပေါ် တည်မှီနေပါကြောင်း၊ သုတေသနသည် စာအုပ်စာတမ်းများထဲတွင် ရှိနေရမည်မဟုတ်ဘဲ မိမိတို့ဒေသ၏အမှန်တကယ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်ဖြစ်သည်ကို အလေးအနက်ထားတိုက်တွန်းလိုပါကြောင်း၊ သို့ဖြစ်ပါ၍ သမိုင်းအစဉ်အလာကြီးမားသည့် မြစ်ကြီးနားတက္ကသိုလ်၏ ပညာရပ်ဆိုင်ရာအရှိန်အဝါကိုအသုံးချပြီး သုတေသနရလဒ်များမှ တစ်ဆင့် ပြည်နယ်နှင့် နိုင်ငံတော်ကိုအကျိုးပြုကြရန်နှင့် ပညာဗဟုသုတအလင်းတိုင်းများဖြင့် ဒေသအကျိုးကို ဆက်လက်သယ်ပိုးကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။           ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက တက္ကသိုလ်၏(၂၈)နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဘူးဂါးကုမ္ပဏီ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး၊ တက္ကသိုလ်ဝင်တန်း Grade-12 အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၄           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်အတွက် လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဘူးဂါးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း လက်ရှိလျှပ်စစ်ဓာတ်အားကို ချီဖွေငယ်တစ်ခုတည်းကသာ ဖြန့်ဖြုးပေးနေခြင်းဖြစ်သည့်အတွက် မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်အတွက် အုပ်စုခွဲ၍ တစ်ရက်လျှင် (၆)နာရီခန့်သာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ပါကြောင်း၊ ဘူးဂါးပိုင် မလိဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေးအတွက် (၆၆)ကေဗွီဓာတ်အား လိုင်းအား (၂ ဒဿမ ၈)မိုင်အား ပြောင်းရွှေ့တည်ဆောက်နိုင်ရေး ကြိုးစားကြရမည်ဖြစ်ပြီး ၎င်းဓာတ်အားရရှိပါက မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့တို့အား ပိုမိုဓာတ်အားဖြန့်ဖြူပေးနိုင်မည်ဖြစ်သည့်အပြင် ပြည်သူများအား အဓိကလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း မှာကြားသည်။           ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဘူးဂါးကုမ္ပဏီအနေဖြင့် မလိဓာတ်အားပို့လွှတ်ဖြန်းဖြူးနိုင်‌ရေး ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်းကောင်း၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် အင်ဂျန်းခချောင်းရေထိန်းတံခါး တည်ဆောက်နေမှုအား သွား‌ရောက်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ရေလမ်းကြောင်းဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် အဓိကကျသည့် ရေလျှံတားကမ်းထိန်းတမံ တည်ဆောက်ရေးလုပ်ငန်းများအပြင် ရေထိန်းတံခါးများ တည်ဆောက်ခြင်းလုပ်ငန်းကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ ညနေ ၃ နာရီခွဲက အင်ဂျန်းခချောင်းရေထိန်းတံခါး တည်‌ဆောက်ရေးလုပ်ငန်းများနှင့် မြေထိန်းတမံနှင့် ရေလျှံတားနံရံတည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းပါးသို့ သွားရောက်ပြီး အဆိုပါ ရပ်ကွက်အတွင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော ကျောက်စီမြေထိန်းတမံနှင့် ရေလျှံတားနံရံတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ထို့နောက် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့်…

Read More