ကချင်ပြည်နယ်အစိုးရအဖွဲ့ကဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေး စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

မြစ်ကြီးနား မေ ၉           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့များသန့်ရှင်းသာယာလှပ၍ စိမ်းလန်းစိုပြည်သော မြို့ပြများ ဖြစ်လာစေရေး လူထုပူးပေါင်းပါဝင်မှုဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့တွင်းရှိ စည်ပင်သာယာရေးနယ်နိမိတ်ပိုင် ရပ်ကွက်/ ကျေးရွာများတွင် စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။           ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်သည် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်၊ ရုံးကြီးတစ်လျှောက်နှင့် သီတာရပ်ကွက်၊ ရန်ကြီးအောင်ရပ်ကွက်၊ ဒူကထောင်ရပ်ကွက်၊ မြို့မ၊ မင်းရပ်၊ ရှမ်းစုတောင်ရပ်ကွက်များတွင်လည်းကောင်း၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့သည် မြို့သစ်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် ရှမ်းစုမြောက်၊ ကချင်စု၊ ကျွန်းပင်သာ၊ အေးစေတီ၊ အောင်နန်းရပ်ကွက်များတွင်လည်းကောင်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းနှင့်…

Read Full News

မြစ်ကြီးနားရဝမ်လူငယ်အသင်းဖလား အသက်(၂၃) နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားကျင်းပ

မြစ်ကြီးနား မေ ၉ မြစ်ကြီးနားရဝမ်လူငယ်အသင်းဖလား အသက်(၂၃) နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက တပ်ကုန်းရပ်ကွက်ရှိ ဧဝံဂေလိဓမ္မကောလိပ် ကျမ်းစာကျောင်းရှိ ဘောလုံးကွင်း၌ ကျင်းပရာ ကချင်ပြည်နယ်ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ ရှေ့ဦးစွာ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမယစ်ယောရှုက ယခုလို ဘောလုံးအားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် မိမိတို့ရဝမ်လူငယ်များအနေဖြင့် မူယစ်ဆေးဝါးကင်းစင်၍ ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရေးနှင့် ပြည်နယ်လက်ရွေးစင်များသာမက နိုင်ငံလက်‌ရွေးစင် အားကစားသမားများအထိ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်းပြောကြားပြီး ‌ပြည်နယ်ဝန်ကြီးက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ငွေကျပ်သိန်း(၂၀)နှင့် အားကစားပစ္စည်းများကိုလည်းကောင်း၊ ပြည်နယ်ဒုတိယဥက္ကဋ္ဌက ငွေကျပ် (၃)သိန်းကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ရာဒါကောင်းလူငယ်များမှ အကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီလှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ အသက်(၂၃) နှစ်အောက်…

Read Full News

မြစ်ကြီးနားမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မြစ်ကြီးနား  မေ  ၈ “ညီညွတ်မှုအားနဲ့ တို့ကူညီ လူသားချင်းစာနာတဲ့ ကြက်ခြေနီ ” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပရာ ပြည်နယ်ကြက်ခြေနီမောင်မယ်များက “အများအတွက် ကြက်ခြေနီ” တေးသီချင်းဖြင့် အခမ်း အနားကို သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်က မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေဖြင့် “ဆင်းရဲ့ဒုက္ခနည်းပါးသက်သာစေရန်” ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ လူမှုဂရုဏာလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ခေတ်အဆက်ဆက်တွင် ပြည်သူ၏အကျိုးကိုစဉ်ဆက်မပြတ် သယ်ပိုးဆောင်ရွက်နိုင်ခဲ့သည့် မွန်မြတ်သည့် အသင်းကြီးတစ်သင်းအဖြစ်ရပ်တည်လာနိုင်ခဲ့သောကြောင့် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ သို့ဖြစ်ပါ၍ ကြက်ခြေနီစေတနာလုပ်အားရှင်များအနေဖြင့် စေတနာ၊ ဝါသနာ၊ အနစ်နာခံ ကူညီဆောင်ရွက်ပေးသည့် လုပ်ငန်းဖြစ်တာကြောင့်…

Read Full News

မြစ်ကြီးနားမြို့ (၃၁) ကြိမ်မြောက် အသံမစဲကျမ်းမြတ်မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကျင်းပ

မြစ်ကြီးနား  မေ ၈ မြစ်ကြီးနားမြို့ အံတော်ရှင်တောင်တန်းသာသနာပြု(ဗဟို) ကျောင်းတိုက်သာသနာ့ဗိမာန် တော်၌ (၃၁)ကြိမ်မြောက် ရှစ်ရက်တိုင်တိုင် နေ/ ညအသံမစဲကျမ်းမြတ်မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီကကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်‌ ဒေါ်အေးအေးမော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မြစ်ကြီးနားမြို့၊ ခေမာသီဝံကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ (အဘိဓဇမဟာဍဋ္ဌဂုရု) ဆရာတော်ထံမှ ငါးပါးသီလခံယူခဲ့ကြသည်။ ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် အတွင်းရေးမှူးတို့က နာယကဆရာတော်ဘာဏက သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင်၊ မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်း ဦးစီးပဓာနနာယက ဘဒ္ဒန္တကေတုမာလာ(အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရား…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများအား ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်

မိုးညှင်း မေ ၈           ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မိုးညှင်းနှင့် ဟိုပင်ဒေသတို့မှ ဒေသခံပြည်သူများအား ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာအထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီ အဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးပွဲကို မေ ၇ ရက် မွန်းလွဲ ၁ နာရီခွဲက မိုးညှင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအောင်နိုင်၊ စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်၊ လွှတ်တော်အသီးသီးမှ ကိုယ်စား လှယ်များ၊ ခရိုင်/…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့နယ်အတွင်း မွေးမြူ ရေးလုပ်ငန်းများ တိုးမြှင့်မွေးမြူထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား  မေ ၇           ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟဲလုံခေတ်မီစံပြကျေးရွာသို့ သွားရောက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ပံ့ပိုးမှုဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများအား တိုးချဲ့လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော မွေးမြူရေးတောင်သူ ဦးရာမ်မူး၏ နို့စားနွားမွေးမြူ‌ရေးခြံ၌ နို့စားနွားများ ခြံလှောင်စနစ်ဖြင့် စနစ်တကျမွေးမြူထားရှိမှု၊ နွားစာအဖြစ်  ခြံဝင်းအတွင်း နေဗွီယာမြက်ခင်းများ စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေးမှ အကျိုး အမြတ်ရရှိမှုအခြေအနေများ၊ ဈေးကွက်ရရှိမှုများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး တိုးချဲ့မွေးမြူနိုင်ရေးအတွက် လိုအပ်သည့် နည်းပညာနှင့် နည်းစနစ်ကျကုသမှုများ၊ ဆေးဝါးများပံ့ပိုးပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေးအထောက်အကူပြုဆေးဝါးများကို ပေးအပ်ခဲ့ကြသည်။           ယင်းနောက် အဆိုပါကျေးရွာအတွင်း မွေးမြူရေးလုပ်ငန်းရှင် ဦးယိန်းဘောင်၏ခြံ၌ ငါးကန်များ စနစ်တကျတူးဖော်၍ ရွှေဝါငါးကြင်း၊ တီလားဗီးယားငါးများ မွေးမြူထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးကွက်အတွင်း ငါးများဖြန့်ဖြူးရောင်းချထုတ်လုပ်နိုင်မှု အခြေအနေများနှင့် ငါးသားပေါက်ရရှိမှုတို့ကိုမေးမြန်းကာ ကိုယ်တိုင် ငါးသားဖောက် မွေးမြူနိုင်သည့်အဆင့်အထိ ကြိုးစားနိုင်ရေးလိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့နယ်အတွင်း ရက် (၁၀၀) စီမံချက်ဖြင့် ‌ကျေးရွာမြေငှားဂရမ် ထုတ်ပေးခြင်းအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား  မေ ၇           ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းကလည်း မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်ဝသုန်စိုး၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ မိုးညှင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာ၊ ကျေးရွာခန်းမ၌ ခရိုင်/မြို့နယ်/ကျေးရွာ မြေငှားဂရမ်ထုတ်ပေးရေးလုပ်ငန်းအဖွဲ့ဝင်များ၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးခြင်းအခမ်းအနား၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အစိုးရအဖွဲ့အသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ဌာနဆိုင်ရာများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများတွင် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။           ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က ကျေးရွာများတွင် ကျေးလက်နေပြည်သူများ ပိုင်ဆိုင်နေထိုင်ကြသည့် အိမ်ခြံမြေကွက်များကို ရက် ၁၀၀ စီမံချက်ဖြင့် မြေငှားဂရန်ထုတ်ပေးလျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျေးရွာနေပြည်သူများအတွက် ရက် ၁၀၀…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများအား ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်

မြစ်ကြီးနား မေ ၇           ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာအထောက်အကူပြုရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးပွဲကို မေ ၆ ရက် မွန်းလွဲ ၃ နာရီက မြို့တော်ခန်းမ၌ အသိပေးရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။           အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအောင်နိုင်၊ စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်၊ လွှတ်တော်အသီးသီးမှ ကိုယ်စား လှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများနှင့် ဒေသခံပြည်သူ လူထု ၆၀၀…

Read Full News

ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်/ကျေးရွာနေပြည်သူများ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံ

မြစ်ကြီးနား  မေ  ၇ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်းမကြီးဘေး တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံတောင် (လမ်းသွယ်-၁)နှင့် (လမ်းသွယ်-၅)တို့တွင် စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေး မြို့နယ်စည်ပင် သာယာရေးအဖွဲ့တာဝန်ရှိသူများ၊ တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများနှင့် ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှိ အစည်းဝေးခန်းမ၌တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပ‌စေရေးအတွက် မိမိတို့စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များအပြင် ရပ်ကွက်/ကျေးရွာများရှိ ရေထုတ်မြောင်းများ ရေစီးရေလာကောင်းမွန်‌ရေး၊ အမှိုက်ကင်းစင်ရေး နေ့/ညမနား ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအလိုက် သတ်မှတ်ချိန်အတွင်း စည်ပင်သာယာရေးအဖွဲ့၏ အမှိုက်သိမ်းမော်တော်ယာဉ်များဖြင့် လိုက်လံသိမ်းဆည်းခြင်းအပြင် အဆိုပါနေရာများတွင် သတ်မှတ်ကာလအတွင်း အမှိုက်သိမ်းယာဉ်ထားရှိခြင်းနှင့် စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စနစ်တကျ…

Read Full News

ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက အခြေခံစက်ချုပ်သင်တန်းဆင်းပွဲနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲတက်ရောက်

မြစ်ကြီးနား  မေ  ၇ ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းသည် ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ကျင်းပသည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကက ယခုလို အမျိုးသမီးများအတွက် အိမ်တွင်းမှုသက်မွေးပညာရပ်တစ်ခုဖြစ်သည့် အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းဖြင့် ဒေသခံအမျိုးသမီးများအနေဖြင့် အိုးအိမ်မကွာဘဲ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိမှာဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားပေးခဲ့သည့် အခြေခံစက်ချုပ်နည်းပညာဖြင့် မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် လက်တွေ့အသုံးချသွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့် တာဝန်ရှိသူများက အခြေခံစက်ချုပ်သင်တန်းနည်းပြဆရာမနှင့် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သော သင်တန်းသူများအား ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသူများချုပ်လုပ်ထားသည့် အဝတ်အထည်များ ခင်းကျင်းပြသထားရှိမှုကို…

Read Full News