မြစ်ကြီးနား ဖေဖော်ဝါရီ ၂၄
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်အတွက် လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဘူးဂါးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း လက်ရှိလျှပ်စစ်ဓာတ်အားကို ချီဖွေငယ်တစ်ခုတည်းကသာ ဖြန့်ဖြုးပေးနေခြင်းဖြစ်သည့်အတွက် မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်အတွက် အုပ်စုခွဲ၍ တစ်ရက်လျှင် (၆)နာရီခန့်သာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ပါကြောင်း၊ ဘူးဂါးပိုင် မလိဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေးအတွက် (၆၆)ကေဗွီဓာတ်အား လိုင်းအား (၂ ဒဿမ ၈)မိုင်အား ပြောင်းရွှေ့တည်ဆောက်နိုင်ရေး ကြိုးစားကြရမည်ဖြစ်ပြီး ၎င်းဓာတ်အားရရှိပါက မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့တို့အား ပိုမိုဓာတ်အားဖြန့်ဖြူပေးနိုင်မည်ဖြစ်သည့်အပြင် ပြည်သူများအား အဓိကလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း မှာကြားသည်။
ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဘူးဂါးကုမ္ပဏီအနေဖြင့် မလိဓာတ်အားပို့လွှတ်ဖြန်းဖြူးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်နယ်ဦးစီးမှူး ဦးခန့်ထက်က မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်တို့အား ချီဖွေငယ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည့် အခြေအနေများနှင့် အချိန်တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးအတွက် မလိဓာတ်အားရရှိရေး စစ်ဆေးဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်းကောင်း၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးလမိုင်ခွန်ဂျာက (၆၆)ကေဗွီဓာတ်အားလိုင်းပြင်ဆင်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည့် ကိစ္စရပ်များကိုလည်းကောင်း၊ ဘူးဂါးကုမ္ပဏီ တာဝန်ရှိသူများက မလိလျှပ်စစ်ဓာတ်အား ထုတ်လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၆၆ ကေဗွီ ဓာတ်အားလိုင်း (၂ ဒဿမ ၈)မိုင်ခန့်အား အသစ်တည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်းတွေ့ရှိချက်များအပေါ် အခက်အခဲနှင့် လိုအပ်ချက်များကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးကြသည်။
ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ၆၆ ကေဗွီ ၂ ဒဿမ ၈ မိုင်ခန့်အား အသစ်တည်ဆောက်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး တွက်ချက်တင်ပြရန်နှင့် ပြည်သူများအဆင်ပြေစေရေးအတွက် အားလုံးကပေါင်းစပ်ကြိုးစားနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ပြည်နယ်အတွင်း တက္ကသိုလ်ဝင် တန်း Grade-12 စာမေးပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မလိခခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်သည်။
အဆိုပါ လုပငြနြးညှိနှိုငြးအစညြးအဝေးတှငြ ပှညနြယဝြနကြှီးခွုပကြ တကျကသိုလဝြငစြာမေးပှဲကို လာမည့ြ ၂၀၂၆ ခုနှဈ၊ မတလြ ၁၁ ရကနြေ့မှ ၁၈ ရကနြေ့အထိ ကငွြးပပှုလုပသြှားမညဖြှဈရာ မိမိတို့ ကခငွပြှညနြယအြတှငြး စာစဈဌာန (၂၆)ခုဖှင့လြှဈ၍ စာမေးပှဲစညြးမဉွြးစညြးကမြးနှင့အြညီ အောငမြှငစြှာ ကငွြးပနိုငရြေးဆောငရြှကကြှရမညဖြှဈပါကှောငြး၊ ကခငွြ ပှညနြယအြနဖှငေ့ြ တကျကသိုလဝြငတြနြးကို တဈနိုငငြံလုံးတှငြ ပထမဆင့နြှင့ြ ဂုဏထြူးအမွားဆုံးရရှိအောငြ ရညမြှနြးခကွထြားကှိုးစားလကွရြှိပါကှောငြး၊ အထူးသဖှင့ြ စာမေးပှဲဖှဆေိုစဉကြာလအတှငြး ကွောငြးသား/ကွောငြးသူမွား စာကကွခြှငြးနှင့ြ စာမေးပှဲဖှဆေိုရာတှငြ အနှောင့အြယှကဖြှဈစနေိုငသြော ကိဈစရပမြွားကို မဖှဈပေါစြရေးနှင့ြ အဖှလှှောမွားအား အခွိနမြီပို့ဆောငနြိုငရြေး လိုအပသြညမြွားကို အားလုံးက ဝိုငြးဝနြးအလေးထား ဆောငရြှကကြှရမညဖြှဈပါကှောငြး တိုကတြှနြးမှာကှားသညြ။
ဆက်လက်၍ တိုင်းမှူးက တက္ကသိုလ်ဝင်စာမေးပွဲအတွက် မေးခွန်းလွှာများနှင့် အဖြေလွှာများသတ်မှတ်ချိန်အမီ မြို့နယ်များအလိုက် ပေးပို့ရောက်ရှိစေရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပေါ် အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲတွင် စာရင်းသွင်းထားသူ ဦးရေ (၁၁၈၅၄)ဦးနှင့် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးစာမေးပွဲအတွက် စာရင်းသွင်းထားသူဦးရေ (၂၀၀)တို့အတွက် တက္ကသိုလ်ဝင်စာမေးဖြေဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ နှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်များအလိုက် စာမေးပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြကြရာ တိုင်းမှူးက ဖြည့်စွက်သုံးသပ်ရှင်းလင်းဆွေးနွေးပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
