
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဝိုင်းမော်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ
မြစ်ကြီးနား သြဂုတ် ၁၈ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် သယံဇာတရေးရာဝန်ကြီးဌာနအောက်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သြဂုတ် ၁၈ ရက် နံနက် ၁၀ နာရီခွဲက မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးက ဝိုင်းမော်မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အစီအစဉ်များချမှတ်ထားရှိနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ယခုလိုတွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ဝိုင်းမော်မြို့သည် စိုက်ပျိုးမွေးမြူရေးအပြင် သဘာဝအရင်းအမြစ်များကို အခြေခံသည့် အခြားလုပ်ငန်းများ ဆောင်ရွက်ကြသည့်အပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသည့်အတွက် အရှိန်အဟုန်ဖြင့် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံများနှင့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ပြည်နယ်၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးကို…