ကချင်ပြည်နယ်ဥပဒေချုပ်ရုံးက မြို့နယ် (၁၀)မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများအား ဥပဒေဆိုင်ရာအသိပညာပြန့်ပွားရေး ဆရာဖြစ် သင်တန်းဖွင့်လှစ်ပေး
မြစ်ကြီးနား ဇွန် ၂၂ ဥပဒေရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဥပဒေချုပ်ရုံး၏ ကြီးကြပ်စီမံမှုဖြင့် ပြည်သူများထံ ဥပဒေအသိပညာပြန့်ပွားရေးအတွက် အခြေခံကျသည့် မြို့နယ်(၁၀)မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေးစာရေးဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ရာ အဆိုပါသင်တန်းဖွင့်ပွဲကို မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်ဥပဒေအရာရှိနှင့် ခရိုင်/ မြို့နယ်ဥပဒေအရာရှိများ၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စုစုပေါင်း(၁၀၀)ကျော်နှင့် ရပ်/ကျေးဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူများနှင့် နေ့စဉ်တိုက်ရိုက်ထိတွေ့နေရခြင်းဖြစ်သည့်အတွက် နိုင်ငံတော်ကချမှတ်ထားသည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အုပ်ချုပ်ရေး အခြေခံသဘောတရားများကို သိရှိနားလည်ထားကြရန်နှင့် ဥပဒေအသိပညာပြန်လည်ဖြန့်ဝေပေးခြင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍတွင် ပိုမိုတိုးတက်အောင်မြင်အောင်…