ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၅/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်
မြစ်ကြီးနား နိုဝင်ဘာ ၂၂ ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။ ထိုသို့ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ဒီမိုကရေစီနိုင်ငံတော် ထူထောင်နိုင်ရန်အတွက် ရွေးကောက်ပွဲကျင်းပရန်သည် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ အသက်(၁၈)နှစ် ပြည့်ပြီးသည့် နိုင်ငံသားအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များက အလေးထားလုပ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် အဓိကတာဝန်ယူဆောင်ရွက်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ မဲပေးစက်ကိုင်တွယ်သူ၊ မှင်တို့သူများအနေဖြင့်လည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအမိန့်ညွှန်ကြားချက်များနှင့်အညီ ရွေးကောက်ပွဲအောင်မြင်စွာ ပြီးမြောက်သည်အထိ တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ဆောင်ရွက်သွားကြရန်…