ပင်မစာမျက်နှာ

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် မြစ်ကြီးနားမြို့နယ်အတွင်း မဲရုံများ ဖွင့်လှစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၂၇           ကချင်ပြည်နယ်အတွင်းလာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးတို့သည် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့‌ပေါ်ရှိ မဲရုံများ ဖွင့်လှစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်တာဝန်ခံနှင့် တိုင်းမှူးတို့သည် ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ် (၁၅)၌ မဲဆန္ဒရှင်စာရင်းများ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံသို့ ပြောင်းရွေ့ကပ်ထားမှု အခြေအနေများ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်အတူ စုပေါင်းဆင်နွှဲ

မြစ်ကြီးနား     ဒီဇင်ဘာ ၂၇           ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ နံနက် ၆ နာရီက ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူ အများအပြားဖြင့် စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြသည်။           အဆိုပါ လမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် သူနာပြုသင်တန်းကျောင်းတို့မှ သင်တန်းသား/ သင်တန်းသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့်အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းလူဦရေ ၁၀၀၀၀ ကျော်တက်ရောက်ခဲ့ကြပြီး ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှတာလွှတ်ခဲ့ကြကာ အား/ကာတိုက်တန်း လမ်း၊ ရုံးကြီးလမ်း၊ ထိုမှတစ်ဆင့် ဆွမ်ပရာဘွမ်လမ်း၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၄           ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးချီးမြှင့်သည်။           ရှေးဦးစွာ အခမ်းအနားကို မြစ်ကြီးနားတက္ကသိုလ် ကျောင်းသား/သူလေးများက မြကျွန်းညိုညို သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ နိုင်ငံတော်အစိုးရအနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသော လူငယ်ပညာတတ်များ မွေးထုတ်ပေးနိုင်ရေး ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများစွာ လုပ်ဆောင်လျက်ရှိပါကြောင်း၊ လူငယ်များကို ဘက်ပေါင်းစုံမှမြှင့်တင်ပေးနိုင်ရေး အမြဲစဉ်းစား အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသည့်အတွက် မောင်တို့၊ မယ်တို့အနေဖြင့် ရရှိသည့်အခွင့်အရေးကို တစ်စိုက်မတ်မတ်ကြိုးစားကြရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် ပညာသင်ကို အခြေခံပြီး နိုင်ငံကို တည်ဆောက်မှသာ ပညာရဲရင့် ပွဲလယ်တင့်ပြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တတိယအကြိမ် မဲဆန္ဒရှင်စာရင်း အတည်ပြုကပ်ထားကြေညာမှုအား ကြပ်မတ်စစ်ဆေးဆောင်ရွက်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၃           ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်တော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်အား စနစ်တကျစီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၃ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်း အတည်ပြုကပ်ထားကြေညာမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်ကော်မရှင်အရာရှိ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံး၌ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး မဲစာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရေး၊…

Read More

ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယနှင့် အဖွဲ့ဝင်များက မြစ်ကြီးနားမြို့ရှိ ဖားကန့်မြို့နယ်မှ ယာယီတိမ်းရှောင်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ သွားရောက်ထောက်ပံ့၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်များ ဖြန့်ဝေ

မြစ်ကြီးနား     ဒီဇင်ဘာ ၂၃ ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်ဆိုင်းနှင့်အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော်ဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် ဖားကန့်မြို့နယ်၊ မော်မောက်လျန်ကျေးရွာမှ ပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍  စားဖိုဆောင်သုံးစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထိုသို့ ထောက်ပံ့ရာတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်ဆိုင်းက အားပေးစကားပြောကြားပြီး အဖွဲ့ဝင်များနှင့်အတူ ဖားကန့်မြို့နယ်၊ မော်မောက်လျန်ကျေးရွာမှ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု(၇၅)စုအတွက် စားဖိုဆောင်သုံးစားသောက်ကုန်များဖြစ်သည့် ဟင်းသီးဟင်းရွက်များနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကုလားပဲများ အပါအဝင် စားသောက်ကုန်အမယ် စုစုပေါင်း (၁၅) မျိုးတို့ကို ထောက်ပံ့ပေးအပ် ခဲ့ကြသည်။ ဆက်လက်၍ စခန်းတာဝန်ခံက စခန်းတွင်နေထိုင်လျက်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်များအတွက် ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြမှုအပေါ် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နာယကနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ စုပေါင်းခရစ္စမတ်ပွဲသို့တက်ရောက်၊ မြစ်ကြီးနားမြို့၌ မဲရုံများ ကြိုတင်ပြင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်း ဘာသာရေးအသင်းအဖွဲ့များ၊ ကျေးရွာနေပြည်သူများ၊ ယာယီတိမ်းရှောင်စခန်းမိသားစုအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား ဒီဇင်ဘာ ၂၂           ကချင်ပြည်နယ်အတွင်း ခရစ်တော်၏ မွေးနေ့ရက်မြတ်ကာလ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် နေရာအနှံ့အပြား၌ ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ စုပေါင်းခရစ္စတ်ပွဲတော်ကို စီတာပူရပ်ကွက်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။           ရှေးဦးစွာ ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲကို ကတ်သလစ်အသင်းတော်မှ ဖာသာများ၊ နှစ်ခြင်းခရစ်ယာန်အသင်းတော်များမှ သိက္ခာတော်ရဆရာများက ကျမ်းစာဖတ်ဆုတောင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ခရစ်တော်၏ မွေးနေ့မြတ်မင်္ဂလာလတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့်အတူ ခရစ္စမတ်ပွဲတော်ကို အတူတကွစုရုံးကျင်းပခွင့်ရရှိသည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ထို့အပြင် ခရစ်တော်မွေးနေ့မင်္ဂလာရက်မြတ်မှစ၍ ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းစသည့် ခရစ္စမတ်၏ကောင်းခြင်းမင်္ဂလာအဖြာဖြာကို ရရှိခံစားကြရပါစေကြောင်းနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အထူးဆုတောင်းပေးကြစေလိုကြောင်း ပြောကြားသည်။           ထို့နောက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဆောင်းရာသီ အသက် (၂၅)နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်၊ စီတာပူနှင့် မန်ခိန်ရပ်ကွက်အတွင်းရှိ ယာယီတိမ်းရှောင်ပြည်သူများအား ဆန်ရိက္ခာနှင့် ခြံစောင်များသွားရောက်ထောက်ပံ့ပေးအပ်

မြစ်ကြီးနား  ဒီဇင်ဘာ ၂၁           ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဆောင်းရာသီအသက်(၂၅)နှစ်အောက် ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ငြိမ်းချမ်းသာယာဖူဆယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေးချီးမြှင့်သည်။           အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ်အဖြစ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကကြီးမှူး၍  မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာပေါင်းစုံမှ ပြိုင်ပွဲဝင် ဖူဆယ်အသင်းပေါင်း (၂၅)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် တပ်ကုန်း (က)ရပ်ကွက်အသင်းနှင့် ကြက်ပေါင်ခြံရပ်ကွက်အသင်းတို့ အကြိတ် အနယ်ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အသီးသီးမှ ဒေသခံဖူဆယ်ဘောလုံးဝါသနာရှင်များတက်ရောက်အားပေးကြည့်ရှုခဲ့ကြရာ တပ်ကုန်းရပ်ကွက်(က)အသင်းက ခုနှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။           ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ တတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်အတူ စုပေါင်းဆင်နွှဲ၊ ၂၀၂၅ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ မိသားစု ခရစ္စမတ်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

မြစ်ကြီးနား ဒီဇင်ဘာ ၂၀           ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဒီဇင်ဘာအားကစားလ တတိယအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ နံနက် ၆ နာရီက ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူအများအပြားဖြင့် စည်ကားစွာကျင်းပပြုလုပ်ခဲ့ကြသည်။           အဆိုပါ လမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် သူနာပြုသင်တန်းကျောင်းတို့မှ သင်တန်းသား/ သင်တန်းသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းလူဦရေ ၁၀၀၀၀ ကျော်တက်ရောက်ခဲ့ကြပြီး ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှ တာလွှတ်ခဲ့ကြကာ အား/ကာတိုက်တန်းလမ်း၊ ရုံးကြီးလမ်း၊ ထိုမှတစ်ဆင့် ဆွမ်ပရာဘွမ်လမ်း၊ ဘုရင့်နောင်လမ်း၊…

Read More

‎ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့၌ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၊ ၂၀၂၅-ခုနှစ် စုပေါင်းခရစ္စမတ်ပွဲတော်သို့ တက်ရောက်၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပူတာအို ဒီဇင်ဘာ  ၁၉ ‎             ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စားဆီဖူလုံရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်  ဒီဇင်ဘာ(၁၉)ရက် နံနက် (၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Grade-12 ကျောင်းသား၊ ကျောင်းသူများ၊ ‌ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။ ‎          ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က လာမည့် ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး၊ မဲပေးခွင့်ရှိသူများ မဲပေးခွင့်ရရှိ‌ရေးတို့အတွက် ဌာနဆိုင်ရာများ၊ ပြည်သူများအားလုံးက အလေးအနက်ထား ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊  ပူတာအိုခရိုင် ဒေသဝမ်းစာဆန်ဖူလုံရေးအတွက် အားလုံးက စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့် ယခုအခါ ဒေသခံပြည်သူများအတွက် ဆန်ဖူလုံနေပြီဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ပူတာအိုဒေသစားသုံးဆီဖူလုံရေးအတွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့နယ်အတွင်း စားသုံးဆီဖူလုံရေးနှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်း ပြုပြင်တည်ဆောက် နေမှုများအား ကွင်းဆင်းစစ်ဆေး

ပူတာအို   ဒီဇင်ဘာ   ၁၉              မြန်မာနိုင်ငံမြောက်ဖျား  “ပူတာအိုဒေသ စားသုံးဆီဖူလုံဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းစို့” ဆောင်ပုဒ်နှင့် အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပူတာအိုခရိုင်တွင် စားသုံးဆီ ဖူလုံရေးအတွက်ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပူတာအိုမြို့နယ်အတွင်း ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ခရိုင်/ မြိုန့ယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအို မြို့နယ် ဇီးအွန်ကျေးရွာအုပ်စု၊ ဇီးအွန်ကျေးရွာသို့ သွားရောက်ပြီး ခိုဖါကွင်း၌ ပူတာအိုခရိုင် စားသုံးဆီဖူလုံရေး စီမံချက်ဖြင့် မိုးစပါးရိတ်သိမ်းအပြီး ရိုးပြတ်ကျန်လယ်များတွင် သီးထပ်အဖြစ် ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လယ်မြေ(၄၀၇) ဧက တွင် ဆီမုန်ညှင်းမျိုးစေ့များ…

Read More