ပင်မစာမျက်နှာ

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းက ကျင်းပသော ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား  ဒီဇင်ဘာ ၁၉           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းကကြီးမှူး၍ ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများမျိုးနွယ်စုများ စုပေါင်းကျင်းပသော ၂၇၆၅ ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ တပ်ကုန်း(စံပြ)ရပ်ကွက်ရှိ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်း၌ စည်ကားစွာကျင်းပပြုလုပ်ခဲ့ကြသည်။           အဆိုပါ အခမ်းအနားသို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်အေးအေးမော်၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစောအောင်မင်းကြည်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။           ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားများအနေဖြင့် နေရာဒေသအလိုက် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ဘာသာစကားများ ကွဲပြားနိုင်သော်လည်း အနှစ်သာရအားဖြင့် တစ်သွေးတစ်သားတည်းဖြစ်သည့် ညီအစ်ကိုမောင်နှမများပင်ဖြစ်ပါကြောင်း၊ ယခုလို ကရင်နှစ်သစ်ကူးပွဲတော်ကဲ့သို့ ကျန်သည့်တိုင်းရင်းသားညီအစ်ကိုမောင်နှမများကလည်း…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ဝိုင်းမော်မြို့၌ ကျင်းပသည့် လော်ဝေါ်မျိုးနွယ်စုတို့၏ ၂၂၉၀ ပြည့်နှစ် လော်ဝေါ်နှစ်သစ်ကူးနေ့ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ဝိုင်းမော် ဒီဇင်ဘာ ၁၉           ကချင်ပြည်နယ်အတွင်းနေထိုင်ကြသော ကချင်မျိုးနွယ်စု (၆)မျိုးအနက် လော်ဝေါ်တိုင်းရင်းသားမျိုးနွယ်စုတို့၏ ၂၂၉၀ ပြည့်နှစ် လော်ဝေါ်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ဆုတောင်းပွဲအခမ်းအနားကို လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုအသင်းကကြီးမှူး၍ ဝိုင်းမော်မြို့၊ အမှတ် (၁)ရပ်ကွက်အတွင်းရှိ လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှုအသင်း၏ လော်ဝေါ်မနောကွင်းအတွင်းရှိ ဦးလက်ဝါးဇွန်းခေါင် အောက်မေ့ဖွယ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် တက်ရောက်သည်။           အဆိုပါ အခမ်းအနားတွင် လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး လော်ဝေါ်လူငယ်များက ရိုးရာတေးသီချင်းဖြင့် ဆုတောင်းမေတ္တာပို့သပေးကာ ပြည်နယ်ဝန်ကြီးက မိမိတို့အစိုးရအဖွဲ့အနေဖြင့် ယခုလိုတိုင်းရင်းသားတို့၏ တန်ဖိုးရှိလှသည့် နေ့ထူးနေ့မြတ်ပွဲတော်များ စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး နှစ်စဉ်ရန်ပုံငွေများကို ချီးမြှင့်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဒါ့အပြင် ဒေသတွင်းတိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မှတ်တမ်းဗီဒီယိုရိုက်ကူးခြင်းကိုလည်း အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ (၂၂၉၀)နှစ်ပြည့် လော်ဝေါ်နှစ်သစ်ကူးနေ့မှစ၍ မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အသေးစားစက်မှုလက်မှုထုတ်ကုန်လုပ်ငန်းများနှင့် ရင်းနှီးမတည်ပေးထားသည့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ပူတာအို         ဒီဇင်ဘာ ၁၈              ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဝမ်းစာဖူလုံရေးတို့အတွက် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းက ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော အသေးစားစက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စူပါဝမ်းဝါးတူလုပ်ငန်း၊ ရွှေတောင်ခေါက်ဆွဲလုပ်ငန်းနှင့်ရင်းနှီးမတည်ပေးထားသည့် စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ခရိုင်/ မြို့နယ်အဆင့်ဌာနတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့၊ ပန်းလှိုင်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သိန်း ၅၀၀ မတည်ပေးမှုဖြင့် MSME လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသော ပိုင်ရှင်ဦးဉာဏ်လင်း၏ ဝါးစက်မှုလက်မှုသမဝါယမအသင်းပိုင် စူပါဝမ်း အဆင့်မြင့် ဝါးတူထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ပြီး ဝါးတူထုတ်လုပ်နိုင် ရေးအတွက် ဝါးကုန်ကြမ်းများ စုဆောင်းရရှိမှု…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးကင်းစင် ပြန်လည်ထူထောင်ရေးစခန်းများ စုပေါင်းခရစ္စမတ်ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများသို့ တက်ရောက်အားပေး၊ ပလန(၁)ကျေးရွာအတွင်း ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲအား ဖွင့်လှစ်ပေး

မြစ်ကြီးနား ဒီဇင်ဘာ ၁၆           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးကင်းစင် ပြန်လည်ထူထောင်ရေး သင်တန်းကျောင်းများ မိတ်သဟာရအဖွဲ့ကကြီးမှူး၍ သင်တန်းကျောင်း (၁၀)ကျောင်းမှ သင်တန်းသားများအတွက် ကျင်းပပြုလုပ်ပေးသည့် ခရစ္စမတ်ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးချီးမြှင့်သည်။           ရှေးဦးစွာ မဂျွယ်ခန်းမရှေ့မျက်ခင်းပြင်၌  ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရာ သင်တန်းကျောင်း (၁၀)ကျောင်းမှ ပြန်လည်ထူထောင်ရေးသင်တန်းသားများအတွက် လွန်ဆွဲပြိုင်ပွဲကျင်းပပြုလုပ်ပေးနေမှုနှင့် ခေါင်းအုံးရိုက်ပြိုင်ပွဲကျင်းပပြုလုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူတို့က ပြိုင်ပွဲများမှ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများကို ပေးအပ် ချီးမြှင့်ခဲ့ကြသည်။           ထို့နောက် မဂျွယ်ခန်းမ၌ စုပေါင်းခရစ္စမတ်ပွဲတော်ကို ကျင်းပပြုလုပ်ရာ သိက္ခာတော်ရ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ မြန်မာနိုင်ငံသွေးလှူရှင်များနေ့ အထိမ်းအမှတ် အကြိမ်(၁၀၀)နှင့်အထက် သွေးလှူရှင်များ အပါအဝင် (၁၀)ကြိမ်နှင့်အထက် ပုံမှန်သွေးလှူရှင်များအား ဂုဏ်ပြုချီးမြှင့်၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်း အားကစားပြိုင်ပွဲများ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား ဒီဇင်ဘာ ၁၄           ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ကျ‌ရောက်သည့် မြန်မာနိုင်ငံသွေးလှူရှင်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ်စေတနာသွေးသန့်သွေးလှူရှင်များအသင်းက ကြီးမှူး၍ ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး အကြိမ်(၁၀၀)နှင့်အထက် သွေးလှူရှင်များ အပါအဝင် (၁၀)ကြိမ်နှင့်အထက် ပုံမှန်သွေးလှူရှင်များအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။           အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာသွေးသန့်သွေးလှူရှင်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့မျက်မှောက်ကာလတွင် ရောဂါအသစ်အဆန်းများ ပေါ်လာသည်နှင့်အမျှ လူနာများကို ဆေးကုသရာတွင် သွေးသည် မရှိမဖြစ်လိုအပ်လာပါကြောင်း၊ ထို့ကြောင့် သွေးသည် အသက်၊ အသက်သည် သွေးဖြစ်သည့်အတွက် စေတနာသွေးလှူရှင်များ၏ကဏ္ဍသည် ပိုမိုအရေးကြီးလာပါကြောင်း၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧဝံဂေလိဓမ္မကောလိပ်၏ (၆၁)ကြိမ် မြောက်ဓမ္မဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်နှင့် မိသားစုခရစ္စမတ်ပွဲတော်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဒီဇင်ဘာ ၁၃           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်း(အင်ဂျန်ဒုံ)ရပ်ကွက်အတွင်းရှိ ဧဝံဂေလိဓမ္မ ကောလိပ်၏ (၆၁)ကြိမ်မြောက် ဓမ္မဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီက အဆိုပါကောလိပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများတက်ရောက်အားပေးခဲ့ကြသည်။ ရှေးဦးစွာ သဘာပတိအဖွဲ့ဝင် သိက္ခာတော်ရဆရာများက ဓမ္မကောလိပ်၌ တက်ရောက်သင်ကြားခဲ့ပြီး ဓမ္မဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်)အထူးပြု (၂၆)ဦး၊ ဓမ္မဝိဇ္ဇာဘွဲ့(မြန်မာစာ)အထူးပြု(၄၃)ဦး၊ တေးဂီတဒီပလိုမာဘွဲ့ရ (၇)ဦးနှင့် ဓမ္မဒီပလိုမာဘွဲ့ရ (၃)ဦး စုစုပေါင်း(၈၁)ဦးတို့အား ဘွဲ့လက်မှတ်များအပ်နှင်းခဲ့မှုနှင့် ဘွဲ့ရများအား တာဝန်အပ်နှင်းခြင်းအစီအစဉ်များ အထူးဆုတောင်းခြင်းအစီအစဉ်များတွင် ပါဝင်ခဲ့ကြသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ဧဝံဂေလိကောလိပ်ကျောင်းမှ မွေးထုတ်ပေးလိုက်သည့် ဘွဲ့ရကျောင်းသား/ကျောင်းသူများသည် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပညာရေးနယ်ပယ်များတွင် တစ်ဖက်တစ်လှမ်းမှပါဝင်အားဖြည့်ပြီး ပြည်သူလူထုအားကိုးထိုက်သည့် လူငယ်များဖြစ်လာကြမည်ဟု ယုံကြည်ပါကြောင်း ဂုဏ်ပြုပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်…

Read More

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌  ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲ လူဦးရေ ၁၀၀၀၀ ကျော် ပါဝင်ဆင်နွှဲ

မြစ်ကြီးနား ဒီဇင်ဘာ ၁၃           ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၆ နာရီက ကျင်းပရာ ဌာနဆိုင်ရာများ၊ ဒေသပြည်သူလူထု စုစုပေါင်းလူဦးရေ ၁၀၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပြီး စီတာပူမနောကွင်းအတွင်း ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။           အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်အားကစားကွင်းရှေ့ စုရပ်၌ တာလွတ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း/အမှုထမ်းများ၊ မြို့ပေါ် တက္ကသိုလ်ဒီဂရီကောလိပ်များနှင့် သူနာပြုသားဖွားသင်တန်းကျောင်းများ ကျောင်းသား/ကျောင်းသူများ၊ အခြေခံပညာကျောင်းများနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများက အား/ကာတိုက်တန်းလမ်းမှ…

Read More

ကချင်ပြည်နယ်သမဝါယမဦးစီးဌာနရုံး၌ မြန်မာ့သမဝါယမ စတင်ခြင်း (၁၂၁)နှစ်ပြည့် နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများ ရေရှည်ရပ်တည်ဖွံ့ဖြိုးတိုးတက်စေနိုင်ရေး ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား ဒီဇင်ဘာ ၁၂           မြန်မာ့သမဝါယမ စတင်ခြင်း (၁၂၁)နှစ်ပြည့် နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအား ဖြင့် ကချင်ပြည်နယ်သမဝါယမဦးစီးဌာနရုံး၌ သမဝါယမအသင်းများ ရေရှည်ရပ်တည်ဖွံ့ဖြိုးတိုးတက် စေနိုင်ရေး ခေါင်းစဉ်ဖြင့် အရာထမ်း/ အမှုထမ်းများအတွက် ကျပန်းစကားပြောပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီက အဆိုပါ ဦးစီးဌာနရုံး ဆွတ်ဂျာအိန်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ထိုသို့ ကျင်းပပြုလုပ်ရာတွင် ပြည်နယ်ဦးစီးမှူး ဦးလှမြင့်နှင့် ခရိုင်/ မြို့နယ်အရာထမ်း/ အမှု ထမ်း ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သမဝါယဦးစီးဌာနနှင့် သမဝါယမအသင်းများ ရေရှည်ရပ် တည် ဖွံ့ဖြိုးတိုးတက်စေနိုင်ရေး ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲအား ဝန်ထမ်း(၁၀)တို့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြကာ အကောင်းဆုံးပြောဆိုနိုင်သူအား ရွေးချယ်ဆုချီးမြှင့်ခဲ့ကြသည်။           ထို့အတူ အဆိုပါပြိုင်ပွဲအပြီးတွင် ပြည်နယ်ဦးစီးမှူးနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပသည့် ပြည်နယ်တရားလွှတ်တော်၏ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်(Court-Led Mediation) အသိပညာပေးဆွေးနွေးပွဲ၊ (၁၁)ကြိမ်မြောက်ကချင်ပြည်နယ် လီဆူခရစ်ယာန်အသင်းတော်များ လူငယ်အားကစားပွဲတော်နှင့် တွေ့ဆုံပွဲများသို့ တက်ရောက်

မြစ်ကြီးနား ဒီဇင်ဘာ ၁၂           ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ တတိယနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၅)၊ မဟာဗျူဟာအစီအစဉ် ၅.၃.၁ အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရည်ရွယ်၍ “တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် (Court – Led Mediation)နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနား တက္ကသိုလ်ဗဟိုခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က Justice Delay is Justice Denied ဆိုသည့်အတိုင်း နှောင့်နှေးကြန့်ကြာမှုများသည် တရားမျှတမှုကိုဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်စေတတ်ပါကြောင်း၊ စေ့စပ်ဖြေရှင်းရေးစနစ်သည် မြန်ဆန်/ထိရောက်ခြင်း၊ အချိန်ကုန်သက်သာခြင်း၊ ငွေကုန်သက်သာခြင်းစသည့် အားသာချက်များရှိနေပြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပညာရေဒီဂရီကောလိပ် (မြစ်ကြီးနား)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား ဒီဇင်ဘာ ၁၀           ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၏ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် ကျောင်းတွင်းအားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၈ နာရီက ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်းရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်ပေးသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင် အားကစားအသင်းများအား ပညာရေးကဏ္ဍတွင် ဦးဆောင်ကြမည့် ဆရာ/ ဆရာမလောင်းများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်ပျော်ရွှင်ချမ်းမြေ့စေရေးကို ဦးတည်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲမှသည် အသင်းအဖွဲ့များ၏ အောင်နိုင်ရေးအတွက် အများနှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အကျင့်ကောင်းများရရှိပြီး မိမိတို့တာဝန်ကျရာဒေသတွင် အားကစားနှင့်ပတ်သက်၍ ဦးစီးဦးဆောင်ပြုလုပ်နိုင်မည်ဖြစ်သလို တပည့်များကိုလည်း ဗလငါးတန်နှင့်ပြည့်စုံအောင်ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။           ဆက်လက်၍ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်…

Read More