ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မိသားစုခရစ္စမတ်ပွဲတော်သို့ တက်ရောက်
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၅ နာရီခွဲက ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှ မြို့တွင်းလမ်းများအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။ အဆိုပါ လမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ ပညာရေးကောလိပ်နှင့် သူနာပြုကျောင်းများမှ သင်တန်းသား/ သင်တန်းသူများ၊ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများက ပြည်သူ့ အားကစားကွင်း အထူးတန်းပွဲကြည့်ရှေ့စုရပ်မှ ရုံးကြီးလမ်း၊ သခင်နက်ဖေလမ်း၊ ထိုမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီး၊ ဆွမ်ပရာဘွမ်လမ်းမှတစ်ဆင့် ရုံးကြီးလမ်းမအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ကြပြီး ပြည်နယ်ဘောလုံးကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ကိုယ်ကာယ ကြံ့ခိုင်မှု အတွဲ…