ကချင်ပြည်နယ်ဝန်ကြီးချုပ် ဌာနဆိုင်ရာဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်၊ အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း (၂)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် အသင်းအဖွဲ့များ၏ စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်၊ တရုတ်နှစ်ကူးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအား တက်ရောက်ချီးမြှင့်
မြစ်ကြီးနား ဖေဖော်ဝါရီ ၁၃ ကချင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များမှ နယ်မြေလုံခြုံရေးအရ ပြည်နယ်ရုံးများတွင် လာရောက်တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးဌာနအသီးသီးအောက်ရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တက် ရောက်အားပေးချီးမြှင့်သည်။အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ယာယီတိမ်းရှောင်ပြည်သူများအတွက် ချီးမြှင့်ပေးအပ်ခဲ့သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ချီးမြှင့်ငွေများကို ယနေ့ဝန်ထမ်းတစ်ဦးချင်းစီ၏ လက်ဝယ်အရောက်ပေးအပ်ခြင်းဖြစ်ပါကြောင်း အားပေးပြောကြားကာ ယာယီတိမ်းရှောင်ပြည်သူများအတွက် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် လက်ခံရရှိခဲ့သည့် ချီးမြှင့်ငွေကျပ် ၁၇၁၄ ဒဿမ ၂၂၀ သန်းကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းထံလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် စီးပွား ရေးရာဝန်ကြီးဌာနအောက်ရှိဝန်ထမ်းများအတွက်လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်ဆက်လက်၍ ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်…