
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဒသမအကြိမ် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
မြစ်ကြီးနား နိုဝင်ဘာ ၂၇ကချင်ပြည်နယ်အစိုးရအဖွဲ့မှ နှစ်စဉ်မပျက်ကြီးမှူး ကျင်းပသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဒသမအကြိမ်မြောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ် ရေးညွှန်ကြားချက်များနှင့်အညီ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ အောင် ချမ်းသာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ကြရာ အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။ထို့နောက် ဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်သံဃာတော်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ စသဖြင့် လူဦးရေ (၃၀)ခန့်တို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြကာ ကထိန်တရားတော်ကို…