မြစ်ကြီးနားမြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများအား ဂုဏ်ပြုဆုများချီးမြှင့်
မြစ်ကြီးနား မတ် ၂၃ ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့၌ ကြီးမှူးကျင်းပခဲ့သော တက္ကသိုလ်အဆင့်နှင့် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူ များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို မတ် ၂၃ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နှစ်စဉ်နှစ်တိုင်း တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုနှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို ဖော်ထုတ် ပြသနိုင်ခဲ့သည့် မြန်မာ့သမိုင်းဝင်နေ့တစ်နေ့ဖြစ်သည့် တပ်မတော်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများ တွင် ယခုလိုဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိကြသည့် လူငယ်၊ မောင်/မယ်များအတွက် ဂုဏ်ယူပါ…