ကချင်ပြည်နယ်ဝန်ကြီးချုပ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွင် ဆုရရှိသော မြစ်ကြီးနားနည်းပညာတက္ကသိုလ်မှ အားကစားသမားများ ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား ဖေဖော်ဝါရီ ၆ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ အားကစားပြိုင်ပွဲများ မြစ်ကြီးနားဇုံအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)မှ ဆုရအားကစားသမားများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ် ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ချီးမြှင့်သည်။ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ ကျောင်းသူလူငယ် များအနေဖြင့် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခုကို အစဉ်လေ့ကျင့်နေခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်ဖြင့် ဖွံ့ဖြိုးတိုးတက်သော လူငယ်များဖြစ်အောင် ကြိုးစားကြရန် နိုင်ငံတော်မှ အားပေး ဆောင်ရွက်နေသကဲ့ လူငယ်မောင်မယ်များအနေဖြင့်လည်း ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ ယနေ့ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပြည်နယ်နှင့် အမိတက္ကသိုလ်၏…