ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး မိဘမဲ့ဂေဟာနှင့် ခရစ်ယာန်သာသနာပြုကျောင်းများမှ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ လှူဒါန်း၊ ဗန်းမော်မြို့ မနောကွင်း တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
ဗန်းမော် ဇူလိုင် ၂၆ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်း သားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၆ ရက် နံနက်ပိုင်းတွင် ဗန်းမော်မြို့နယ်အတွင်းရှိ မိဘမဲ့ဂေဟာနှင့် ခရစ်ယာန်သာသနာပြု ကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာ များကို လှူဒါန်းပြီး ဗန်းမော်မြို့ မနောကွင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နံနက် ၈ နာရီတွင် ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်အတွင်းရှိ ရောဘတ်နှစ်ခြင်းအသင်းတော်ပိုင် မိဘမဲ့ ဂေဟာသို့ သွားရောက်ပြီး အသင်းတော်တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီး နှီးတွေ့ဆုံအားပေးကာ ကျောင်းသား/ကျောင်းသူများအတွက်…