အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့၌ စားပွဲတင်တင်းနစ်အားကစားခန်းမဖွင့်ပွဲနှင့် ကလပ်ပေါင်းစုံ ဖိတ်ခေါ် စားပွဲတင်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၂၈           အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပညာဘဏ်ကိုယ်ပိုင်အထက်တန်းကျောင်း၏ စားပွဲတင်တင်းနစ် အားကစားခန်းမဖွင့်ပွဲနှင့် ကလပ်ပေါင်းစုံ ဖိတ်ခေါ်စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။           ရှေးဦးစွာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြရာ ကိုယ်ပိုင်အထက်တန်းကျောင်း ဘင်ခရာ၊ ပန်းပွားအဖွဲ့နှင့် ကျောင်းသား/ကျောင်းသူများက ကြိုဆိုခဲ့ကြသည်။           ထို့နောက် ကိုယ်ပိုင်အထက်တန်းကျောင်းဝင်း၌ စားပွဲတင်တင်းနစ် အားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ကျောင်းသား/ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် တနိုင်းခရိုင်၊ တနိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

တနိုင်း           နိုဝင်ဘာ ၂၇           ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသဖြစ်သည့် တနိုင်းခရိုင်၊ တနိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တနိုင်းမြို့သို့ ရောက်ရှိခဲ့ကြပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ကျော်ဘုန်းအောင်၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)အတွင်းရှိ အရာရှိငယ်နေအိမ်များတွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းထားသိုမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စက်များအား စဉ်ဆက်မပြတ်…

Read More

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြစ်ကြီးနားမြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများမှ လုံခြုံရေးဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ

မြစ်ကြီးနား      နိုဝင်ဘာလ ၂၇         ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်း ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ၌ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ လူ့ စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းညှိနှိုင်းကြီးကြပ်မှု၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ကချင်ဇုန်)၏ ကူညီပံ့ပိုးမှုတို့ဖြင့် ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်နေကြသော လုံခြုံရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ၊ Palm Spring Resort ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက် အမှာစကားပြောကြားပါသည်။         အဆိုပါ သိုင်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ကချင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ…

Read More

ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ မီးခိုးမြူငွေ့ အန္တရာယ်တားဆီးလျှော့ချရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး‌‌‌‌ဟောပြောပွဲသို့တက်‌‌ရောက်

မြစ်ကြီးနား      နိုဝင်ဘာ ၂၅ မီးခိုးမြူငွေ့ အန္တရာယ်တားဆီးလျှော့ချရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး‌‌‌‌ဟောပြောပွဲအား နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၉း၃၀ က ဝိုင်းမော်မြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြု လုပ်ရာ ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ တက်ရောက်သည်။ အဆိုပါ ဟောပြောပွဲသို့ ဝိုင်းမော်မြို့နယ် မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ဦးစွာပြည်နယ်ဝန်ကြီးက ‘ဝိုင်းမော်မြို့နယ်သည် ကချင်ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် အဓိကကျသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် သဘာဝအရင်းအမြစ်များကို အခြေခံသည့် လုပ်ငန်းအများအပြားဆောင်ရွက်နေသော မြို့ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစက်မှုလုပ်ငန်းမှ ထွက်ရှိ‌သော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စီမံမှုမရှိဘဲ မီး‌ရှို့ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေနိုင်ကြောင်း၊ ဝိုင်းမော်မြို့ဟာ ပြည်နယ်အတွင်း မီးလောင်မှုကြောင့် Fire Hotspot အများဆုံး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်အတွင်းရှိ ရှရီဂျဂနာဿ် ဘုရားကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ကချင်ပြည် နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး၊ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီလုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ရွှေအိုက်ရပ်ကွက်အတွင်း ယာဉ်ရပ်နားစခန်းတည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     နိုဝင်ဘာ ၂၅           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်အတွင်း အပြည်ပြည်ဆိုင်ရာကိရိသျှဏ အနုဿတိအသင်း(မြန်မာ)က မူလကျောင်းတော် ယိုယွင်းပျက်ဆီးမှုအား ပြန်လည်ပြုပြင်၍ ခန့်ညားထည်ဝါစွာ တည်ဆောက်ခဲ့သည့် ရှရီဂျဂနဿ် ဘုရားကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါဘုရားကျောင်းသစ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ဘုရားကျောင်းဆောင်သစ်ရှေ့၌ ဘာသာရေးအဖွဲ့အစည်း အသီးသီးခေါင်းဆောင်များ၊ ဘုရားကျောင်းဂေါပကအဖွဲ့ဝင်များနှင့် ဘာသာဝင်များက ရိုးရာအစဉ်အလာနှင့်အညီ ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး ဘုရားကျောင်း ဆောင်သစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Rhakur ၊ အန္ဒိယဘုန်းတော်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များက ရှရီဂျာဂနဿ် ဘုရားရှိခိုးကျောင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ဘုရားကျောင်းအတွင်း ၎င်းတို့၏…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အ.ထ.က(စီတာပူ)နှင့် ပလနအထက်တန်းကျောင်းတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(မြစ်ကြီးနား)၏ ဒီပလိုမာအပ်နှင်းပွဲနှင့် ရိုးရာကောက်သစ်စားပွဲ၊ လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသူများအား ဂုဏ်ပြု၊ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ရှမ်းနှစ်သစ်ကူးနေ့ အခမ်းအနားသို့ တက်ရောက်အားပေး

မြစ်ကြီးနား     နိုဝင်ဘာ ၂၄           ကချင်ပြည်နယ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးဗလာစာ အုပ်များကို ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားများကို နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(စီတာပူ)နှင့် အခြေခံပညာအထက်တန်းကျောင်း (ပလန)တို့တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ)ကျောင်းခန်းမ၌ ကျောင်းအုပ်၊ သင်ကြားရေးဆရာ/ ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား/ ကျောင်းသူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များပေးအပ်ရခြင်းအပေါ် ရှင်းလင်းပြောကြားသည်။           ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က အခြေခံပညာ ထက်၊ လယ်၊ မူ အဆင့်အလိုက် ကျောင်းသား/…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားအကျဉ်းထောင်၌ ကျင်းပသည့် မူးယစ်ဆေးဝါးဆိုးကျိုး အသိပညာပေးဟောပြောပွဲနှင့် အကျဉ်းသား/အကျဉ်းသူများ၏ တေးသီချင်းဆိုပြိုင်ပွဲအား တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     နိုဝင်ဘာ ၂၃           ကချင်ပြည်နယ်အကျဉ်းဦးစီးဌာန၊ မြစ်ကြီးနားအကျဉ်းထောင်၌ အကျဉ်းသား/ အကျဉ်းသူများအား အကျဉ်းထောင်သာသနာ (YCC Foundation)အဖွဲ့နှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါးဆိုးကျိုးအသိပညာပေးဟောပြောပွဲနှင့် အကျဉ်းသား/ အကျဉ်းသူများ၏ မူးယစ်ဆေးဝါးဆိုးကျိုးအကြောင်း သီချင်းဆိုပြိုင်ပွဲ Grand Final ကို နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီက အဆိုပါအကျဉ်းထောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။           ရှေးဦးစွာ မြစ်ကြီးနားအကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမျိုးအောင်က အကျဉ်းသား/ အကျဉ်းသူများအတွက်  အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးဆိုးကျိုး အန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် အကျဉ်းသား/ အကျဉ်းသူများအတွက် တေးသီချင်းသီဆိုပြိုင်ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အကျဉ်းသား/ အကျဉ်းသူများအနေဖြင့် ယခုလို…

Read More

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ်အတွင်း၌ ဗန်းမော်ခရိုင်မှ ယာယီတိမ်းရှောင်နေထိုင်ကြသော နေရပ်စွန့်ခွာပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

ပြင်ဦးလွင်၊ နိုဝင်ဘာ ၂၂ ကခငွပြှညနြယအြစိုးရအဖှဲ့၏ လမြးညှှနမြှုဖှင့ြ ပှညနြယအြစိုးရအဖှဲ့ဝငြ တိုငြးရငြးသားရေးရာဝနကြှီး ဦးကွောမြငြးခိုငသြညြ မနျတလေးတိုငြးဒသကှေီး၊ ပှငြဦးလှငခြရိုငြ၊ ပှငြဦးလှငမြှို့နယအြတှငြး ဗနြးမောခြရိုငအြတှငြးမှ နယမြှအခှေအနေအရေ ထှကပြှေးတိမြးရှောငြ၍ ယာယီခိုလှုံနထေိုငလြကွရြှိသော နရပေစြှန့ခြှာပှညသြူမွားအား နိုဝငဘြာ ၂၂ ရကြ နံနကပြိုငြးက မှို့လယရြှှစညြေးခုံကွောငြးတိုကြ၊ ဆကေိနျဒာရာမရှှကွေောငြးတိုကနြှင့ြ သီရိမငြျဂလာကွောငြးတိုကတြို့ရှိ ဓမျမာရုံအသီးသီးတို့တှငြ သှားရောကတြှေ့ဆုံအားပေးကာ အိမထြောငစြုမွားအတှကြ  အခှခေံစားသောကကြုနမြွား ထောကပြံ့ပေးအပခြဲ့သညြ။ အဆိုပါ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲတွင် ပြည်နယ်ဝန်ကြီးက မိမိတို့ ပြည်နယ်အတွင်းမှ အခြေအနေအရပ်ရပ်ကြောင့် ပြောင်းရွေ့နေထိုင်သည့် မိသားစုများအားလုံးကို ပြည်နယ်တွင်း၌ သော်လည်းကောင်း၊ တခြားတိုင်း‌ဒေသကြီးများတွင်လည်းကောင်း ယာယီခိုလှုံနေထိုင်မှုများအတွက် အိမ်ထောင်စုများအား အတတ်နိုင်ဆုံး ကူညီထောက်ပံ့နိုင်ရေး စီမံထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ မိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေး နိုင်ရေး လာရောက် တွေ့ဆုံအားပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြော…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၅/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၂၂           ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။           ထိုသို့ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ဒီမိုကရေစီနိုင်ငံတော် ထူထောင်နိုင်ရန်အတွက် ရွေးကောက်ပွဲကျင်းပရန်သည် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ အသက်(၁၈)နှစ် ပြည့်ပြီးသည့် နိုင်ငံသားအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များက အလေးထားလုပ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် အဓိကတာဝန်ယူဆောင်ရွက်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ မဲပေးစက်ကိုင်တွယ်သူ၊ မှင်တို့သူများအနေဖြင့်လည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအမိန့်ညွှန်ကြားချက်များနှင့်အညီ ရွေးကောက်ပွဲအောင်မြင်စွာ ပြီးမြောက်သည်အထိ တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ဆောင်ရွက်သွားကြရန်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲက မဲပေးစက်များ စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှုများ၊ ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အဆောက် အဦသစ်တည်ဆောက်နေမှုနှင့် ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ရေလျှံတားကျောက်စီမြေထိန်းနံရံနှင့် တမံတည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား  နိုဝင်ဘာ ၂၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ပြည်နယ်/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်များ စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများ၊ ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ် တည်ဆောက်နေမှုများနှင့် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ရေလျှံတာကျောက်စီမြေထိန်းနံရံနှင့် တမံတည်ဆောက်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန်ခိန်ရပ်ကွက်အတွင်း၌ ပြည်နယ်/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ကော်မရှင်အရာရှိနှင့် ဝန်ထမ်းများ၏ ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မြန်မာအီလက်ထရောနစ် မဲပေးစက်များအား စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး သက်ဆိုင်ရာမြို့နယ်များအလိုက် အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် အဆိုပါရပ်ကွက်အတွင်းရှိ ကွင်းအမှတ်- ၄ / ယောရင်ကွင်း၊…

Read More