ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ဝင် ပြည်ထောင်စုလမ်းမကြီးဘေး ဝဲ/ယာ စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပရေးနှင့် Polytechnic Universityအတွင်းမိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
မြစ်ကြီးနား မေ ၄ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား စိမ်းလန်းစိုပြည်၍ သန့်ရှင်းသာယာလှပရေးအတွက် လုပ်ငန်းစီမံကိန်းများရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယနေ့ နံနက်ပိုင်းက မြို့အဝင် ပြည်ထောင်စုလမ်းမကြီးနှင့် Polytechnic University အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်တို့နှင့်အတူ ပြည်နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက်ရှိ အောင်ဇေရန်အောင်ဘုရားအနီး ပြည်ထောင်စုလမ်းမကြီးဘေးရှိ Welcome to Myitkyina ဆိုင်းဘုတ်နှင့် မေခပန်းဥယျာဉ်နေရာ၌ သန့်ရှင်းသာယာလှပရေးနှင့် ပန်းပင်များဝေဆာစွာ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ဖွင့်လှစ်ပေးခဲ့သော…