ကချင်ပြည်နယ်ဝန်ကြီးချုပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဘူးဂါးကုမ္ပဏီ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး၊ တက္ကသိုလ်ဝင်တန်း Grade-12 အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၄           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်အတွက် လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဘူးဂါးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း လက်ရှိလျှပ်စစ်ဓာတ်အားကို ချီဖွေငယ်တစ်ခုတည်းကသာ ဖြန့်ဖြုးပေးနေခြင်းဖြစ်သည့်အတွက် မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်အတွက် အုပ်စုခွဲ၍ တစ်ရက်လျှင် (၆)နာရီခန့်သာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ပါကြောင်း၊ ဘူးဂါးပိုင် မလိဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေးအတွက် (၆၆)ကေဗွီဓာတ်အား လိုင်းအား (၂ ဒဿမ ၈)မိုင်အား ပြောင်းရွှေ့တည်ဆောက်နိုင်ရေး ကြိုးစားကြရမည်ဖြစ်ပြီး ၎င်းဓာတ်အားရရှိပါက မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့တို့အား ပိုမိုဓာတ်အားဖြန့်ဖြူပေးနိုင်မည်ဖြစ်သည့်အပြင် ပြည်သူများအား အဓိကလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း မှာကြားသည်။           ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဘူးဂါးကုမ္ပဏီအနေဖြင့် မလိဓာတ်အားပို့လွှတ်ဖြန်းဖြူးနိုင်‌ရေး ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်းကောင်း၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် အင်ဂျန်းခချောင်းရေထိန်းတံခါး တည်ဆောက်နေမှုအား သွား‌ရောက်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ရေလမ်းကြောင်းဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် အဓိကကျသည့် ရေလျှံတားကမ်းထိန်းတမံ တည်ဆောက်ရေးလုပ်ငန်းများအပြင် ရေထိန်းတံခါးများ တည်ဆောက်ခြင်းလုပ်ငန်းကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ ညနေ ၃ နာရီခွဲက အင်ဂျန်းခချောင်းရေထိန်းတံခါး တည်‌ဆောက်ရေးလုပ်ငန်းများနှင့် မြေထိန်းတမံနှင့် ရေလျှံတားနံရံတည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းပါးသို့ သွားရောက်ပြီး အဆိုပါ ရပ်ကွက်အတွင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော ကျောက်စီမြေထိန်းတမံနှင့် ရေလျှံတားနံရံတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ထို့နောက် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရှိ ဆွတ်ငိုင်တောင်နှင့် သီတာအေးဘုန်းတော်ကြီးကျောင်းတို့ရှိ ယာယီတိမ်းရှောင်ပြည်သူများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး သွား‌ရောက်တွေ့ဆုံအားပေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၂           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်မြေအခြေအနေအရ မြစ်ကြီးနားမြို့ပေါ်တွင် လာရောက်တိမ်းရှောင်ခိုလှုံနေထိုင်လျက်ရှိသော ပြည်သူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး စဉ်ဆက်မပြတ်ပံ့ပိုးထောက်ပံ့ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့ပေါ်ရှိ ဆွတ်ငိုင်တော်ယာယီတိမ်းရှောင်စခန်းနှင့် သီတာအေးဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေထိုင်လျက်ရှိသော မိသားစုများအား သွားရောက်တွေ့ဆုံ အားပေးသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ ဆွတ်ငိုင်တော်ယာယီ တိမ်းရှောင်စခန်း၌ ဖားကန့်မြို့နယ် ရှရော်ခကျေးရွာမှ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု ၁၁၀ တို့နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စခန်းတာဝန်ခံက စခန်းနေမိသားစုများ၏ နေထိုင်စားသောက်မှုအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စု များအနေဖြင့် စိတ်အားငယ်မှုမဖြစ်ကြဘဲ ပျော်ရွှင်စွာနေထိုင်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့…

Read More

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ ကချင်ပြည်နယ်အတွင်းရှိ အသင်းဝင်စေတနာ့ဝန်ထမ်းများအား MNCH & Data Training for Volunteer သင်တန်းဖွင့်လှစ်ပေး၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကျင်းပ

မြစ်ကြီးနား  ဖေဖော်ဝါရီ  ၂၁           မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို)မှ ကချင်ပြည်နယ်အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် စေတနာ့ဝန်ထမ်းများအား High Impact Maternal, Newborn and Child Health Project(HI-MNCH) စီမံချက်သင်တန်းကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ရှိ Hotel MEDIRA အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပေးခဲ့ကြသည်။           အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဒေါက်တာစန်းစန်းမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်ဆိုင်း၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်(၆)ခရိုင်မှ အသင်းဝင်စေတနာ့ဝန်ထမ်း(၃၀)ဦးတို့တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဒေါက်တာစန်းစန်းမြင့်အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စီမံချက်လုပ်ငန်းစဉ်များပါအချက်များနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းချုပ် (WHG) မှ ကြီးမှူးကျင်းပသော ကချင်မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှု အဆို၊ အက နှီးနှောဖလှယ်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၁           မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းချုပ် (WHG)ကြီးမှူး၍ အမျိုးသမီးကော်မတီနှင့် လူငယ်ကော်မတီများက ပထမဆုံးအကြိမ်အဖြစ် ဦးစီးကျင်းပသော ကချင်တိုင်းရင်းသားမျိုးနွယ်စုများအလိုက် ရိုးရာယဉ်ကျေးမှု အဆို၊ အက နှီးနှောဖလှယ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးချီးမြှင့်သည်။           ရှေးဦးစွာ ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ အတွင်းရေးမှူး ဦးခင်မောင်လွင်တို့ တက်ရောက်ခဲ့ကြရာ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ချုပ် (WHG)မှ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။           ယင်းနောက် ခန်းမအတွင်း ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းချုပ် (WHG) အနေဖြင့် ယခုလို ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် Grade-12 အောင်ချက်မြင့်မားရေး Face To Face သင်ကြားပို့ချနေမှုများအား ကြည့်ရှုအားပေး၊ ကချင်ပြည်နယ်လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆  ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ ၂၀၂၆ ခုနှစ် လီဆူခေါ့ရှိနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်း အနားသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၉           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ Face To Face သင်ကြားပို့ချပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌လည်းကောင်း၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌လည်းကောင်း မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ပုဂ္ဂလိကပိုင်အထက်တန်း ကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား မြစ်ကြီးနားတက္ကသိုလ်မှ ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူးများနှင့် ဆရာ၊ ဆရာမများက လက်တွေ့သင်ကြားပို့ချနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများအား အားပေးစကားပြောကြားကာ သင်ကြားရေးဆရာ/ ဆရာမများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။           အလားတူ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများ သတ်မှတ်ချိန်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ ကချင်ပြည် နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်းပြည်နယ်ခွဲအကြား နားလည်မှုစာချွန်လွှာစိစစ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၈           ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများ ဥပဒေလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ချိန်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒေသန္တရစီမံကိန်းကို ပြည်နယ်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်‌သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်ရည်ရွယ်၍ စနစ်တကျအကောင်အထည်ဖော်ရန် ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန် နီးကပ်လာပြီဖြစ်သဖြင့် ဥပဒေပါလျာထားစီမံကိန်းများအား အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဘဏ္ဍာရေးနှစ်အတွင်း ပြီးပြတ်အောင်ဆောင်ရွက်နိုင်ရေးနှင့် လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန် ကြားချက် လုပ်ထုံးလုပ်နည်းများနှင်အညီ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။           ထို့နောက် ပြည်နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ တရုတ်ရိုးရာ မင်္ဂလာမြင်းနှစ် နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား  ဖေဖော်ဝါရီ ၁၇           ၂၀၂၆ ခုနှစ်၊ တရုတ်ရိုးရာ မင်္ဂလာမြင်းနှစ် နှစ်သစ်ကူးပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက် ယူနန်ဘုံကျောင်း၌ ကျင်းပပြုလုပ်ရာ ယနေ့ နံနက် ၉ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ တက်‌ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များအား ယူနန်ဘုံကျောင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှိုက်လှဲနွေးထွေးစွာကြိုဆိုခဲ့ကြပြီး တရုတ်ရိုးရာပန်းစည်းနှင့် အနီရောင်လည်စီးပဝါများကို လက်ဆောင်ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဘာသာရေးအသင်းအဖွဲ့များမှ ခေါင်းဆောင်များက တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် အထူးဧည့်သည်တော်မှတ်တမ်းလွှာ၌ လက်မှတ်ရေးထိုးပေးကြသည်။           ယင်းနောက် နှစ်သစ်ကူးပွဲတော်ကျင်းပမည့်ခန်းမ၌ ယူနန်ဘုံကျောင်း ဥက္ကဋ္ဌ၊ တာဝန်ရှိသူများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြပြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များရှိ ဘာသာရေးအသင်းတော်ပိုင်မြေနေရာများတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံ၍ မိုးမကျမီ လုံခြုံစွာနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ  ၁၆           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း နယ်မြေလုံခြုံရေးအခြေအနေကြောင့် နေရပ်မြို့များနှင့် ကျေးရွာများကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်လာသော မိသားစုများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပေါ် ရပ်ကွက်များရှိ ယာယီခိုလှုံရာစခန်း (၃)ခုသို့ သွားရောက်ပြီး မိုးမကျမီ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းတွေ့ဆုံဆောင်ရွက်ပေးခဲ့သည်။           ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ တပ်ကုန်းရပ်ကွက်အတွင်းရှိ လာချိဒ်နှစ်ခြင်းအသင်းတော်ဝင်းအတွင်းရှိ စခန်း(၁) သို့ သွားရောက်ပြီး စခန်းနေအိမ်ထောင်စု ၂၇၀ နှင့် တွေ့ဆုံပြီး စခန်းတာဝန်ခံများက စခန်းအတွင်း အိမ်ထောင်စုများ သောက်သုံးရေ၊ ချိုးရေ၊ စားရိက္ခာ၊ လျှပ်စစ်မီးနှင့် ရေဝပ်သည့်နေရာများတွင် မြေဖို့ပေးနိုင်ရေးစသည့် လိုအပ်ချက်များကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ မြို့မဈေးအတွင်း မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းအား ကြည့်ရှုအားပေး၊ နောင်တာလောရေလယ်ကျွန်း Secondary Channel သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၅           ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနက ကြီးမှူး၍ စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းကာ မြစ်ကြီးနားမြို့ မြို့မဈေးအတွင်း မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီက စည်ပင်သာယာဈေး(၁)နှင့် (၂) ကြား၌ ကျင်းပပြုလုပ်သည်။           အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/ အမှုထမ်းများ၊ ဈေးကော်မတီအဖွဲ့ဝင်များ၊ ဈေးသူ/ ဈေးသားများ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက နိုင်ငံတစ်ဝှမ်းဈေးကြီးများတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ၊ သတိပြုလိုက်နာရမည့်အချက်များ၊ မီးလောင်မှုအပါအဝင် သဘာဝဘေးဖြစ်စဉ်များ၊ အခြားမတော်မဆမှုများဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ပြည်သူများကိုယ်တိုင် တိုက်ရိုက်သတင်းပေးပို့နိုင်သည့် 191 Report Mobile…

Read More