ကချင်ပြည်နယ်ဝန်ကြီးချုပ် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ၊ အာဆီယံအသိအမှတ်ပြု နည်းပြဆရာဖြစ်သင်တန်းဆင်းပွဲသို့တက်ရောက်၊ နိုင်ငံတော်အဆင့် သင်္ချာနှင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား နိုဝင်ဘာ ၂၁ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်(၉)နာရီက စီတာပူရပ်ကွက်အတွင်းရှိ Hotel AUTUMN တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဖွင့်လှစ်ပေးခဲ့သော ဟိုတယ် ဆိုင်ရာဝန်ဆောင်မှု သင်တန်း(၃)မျိုးနှင့် အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့် သင်ကြားရေးဆရာအဖြစ်သင်တန်း (ASEAN National Trainer)ဆင်းပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (ကချင်ဇုန်)၏ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းမင်း(အထွေထွေမန်နေဂျာ၊ Jade Garden Hotel)က သင်တန်းတွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုးနှင့် အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့်သင်ကြားရေးဆရာဖြစ် သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေများကို ဗီဒီယိုကလစ်ဖြင့် ရှင်းတင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယခုလိုသင်တန်းများဖွင့်လှစ်ပေးခြင်းအားဖြင့် ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် အလုပ်လုပ်ကိုင်နေကြသော ဝန်ထမ်းများ၏ အရည်အသွေးပိုမိုမြင့်မားတိုးတက်လာမည်ဖြစ်သကဲ့သို့ ဒေသခံတိုင်ရင်းသားညီအစ်ကို မောင်နှမများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်းပိုမိုပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း ဟိုတယ်လုပ်ငန်းများတိုး တက်အောင်မြင်စေရေးအတွက်…