ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ စက်မှုလယ်ယာ စနစ်တကျ လယ်မြေဖော်ထုတ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် လယ်ယာသုံးစက်ကိရိယာများအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇွန် ၁၉ ကချင်ပြည်နယ်အတွင်း စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် စက်မှုလယ်ယာစနစ်တကျ လယ်မြေဖော်ထုတ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် လယ်ယာသုံးစက်ကိရိယာများအား တောင်သူများတွင်ကျယ်စွာ၊ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ယနေ့နံနက်ပိုင်းက ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လယ်ယာသုံးစက် ကိရိယာများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနရုံးခန်းမ၌ ပြည်နယ်ဦးစီးမှူး၊ ခရိုင်/ မြို့နယ်ဦးစီးမှူးများ၊ အရာထမ်း/ အမှုထမ်းများနှင့်တွေ့ဆုံပြီး စက်မှုလယ်ယာစခန်းအလိုက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ထွန်ယက်ပေးခြင်း၊ ရိပ်သိမ်းခြွေလှေ့ခြင်းနှင့် ကောက်စိုက်ခြင်းစသည့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုနှင့် ယခုနှစ် ၂၀၂၆-၂၀၂၇ တွင် လျာထားဆောင်ရွက်မည့်အစီအစဉ်များ၊ ဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေရရှိမှုအခြေအနေများနှင့် လယ်ယာသုံးစက်ကိရိယာကြွေးကျန်ကောက်ခံရရှိမှုနှင့် ကျန်ရှိမှုအခြေအနေများ၊ ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်…