ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကချင်ပြည်နယ်တာဝန်ခံ) မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ ထိန်းသိမ်းထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇွန်  ၃ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(ကချင်ပြည်နယ်တာဝန်ခံ) ဦးခင်ဇော်သည် ယနေ့ မွန်းလွဲပိုင်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တွင် အသုံးပြုခဲ့သည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ နှင့် ဆက်စပ်ပစ္စည်းများအား မြစ်ကြီးနားမြို့၌ စနစ်တကျထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကချင်ပြည်နယ်တာဝန်ခံ)သည် ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦး‌အောင်နိုင်၊ ပြည်နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အတွင်း ရေးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များနှင့် ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှုအခြေအနေနှင့် (MEVM)စက်တွင် အသုံးပြုသည့် ဘတ္ထရီနှင့် အားသွင်းစက်များကို စနစ်တကျထိန်းသိမ်းထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်တာဝန်ခံက မဲပေးစက်များအားထိန်းသိမ်းထားရှိရာတွင် စက်များသည် ကြီးကြပ်ကန့်သတ် ပစ္စည်းများဖြစ်၍…

Read Full News

ကချင်ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ စိုက်ပျိုးမွေးမြူရေး ဒေသထွက်ကုန်များကို တန်ဖို့းမြှင့်ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဒေသခံMSMEလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား     ဇွန်  ၃           ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး ဒေသထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက်   ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ယနေ့ မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ‌ဒေသခံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက နိုင်ငံတော်အနေဖြင့် ‌အသေးစား၊ အငယ်စား MSME စီးပွားရေးလုပ်ငန်းများ မြှင့်တင်နိုင်ရေးအတွက် အားပေးကူညီလျက်ရှိသည့်အပြင် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လုပ်ငန်းရှင်များအနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် များကို မိမိတို့ဒေသအတွက် ဖူလုံမှုရှိစေရုံသာမက အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်၊ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သည်အထိ ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးမြှင့်ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့်  စျေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ‌ရောက်ရှိရေးအတွက်…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် သူနာပြုသိပ္ပံ (မြစ်ကြီးနား)မှ သူနာပြု-သားဖွားဒီပလိုမာ ၃ နှစ်သင်တန်း ပထမနှစ်သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့် ဦး‌ဆောင်းအပ်နှင်းခြင်း အခမ်းအနား တက်ရောက်၊ မြစ်ကြီးနားမြို့ရှိ ဝိုင်းမော်မြို့နယ်မှ ယာယီတိမ်းရှောင်မိသားစုများအား သွားရောက်တွေ့ဆုံထောက်ပံ့

မြစ်ကြီးနား     ဇွန်  ၃           ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံ(မြစ်ကြီးနား)၏ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ပထမနှစ်သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သူနာပြုသိပ္ပံ(မြစ်ကြီးနား)၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒီကနေ့ ကျင်းပတဲ့အခမ်းအနားကတော့ ၂၀၂၆ ပညာသင်နှစ် အတွက် သူနာပြုသိပ္ပံ(မြစ်ကြီးနား)တွင် ဖွင့်လှစ်သည့် သူနာပြု-သားဖွားဒီပလိုမာ ၃ နှစ် သင်တန်းတွင် တက်‌ရောက်ခွင့်ရရှိခဲ့ကြသည့် ပထမနှစ်သင်တန်းသား/သင်တန်းသူ(၄၉)ဦးတို့အား သူနာပြုများ၏ အဆောင်အယောင်ဖြစ်သော ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းသွားမည်ဖြစ်သည့်အတွက် များစွာဂုဏ်ယူပါကြောင်း၊ သို့ဖြစ်ပါ၍ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သူနာပြုအတတ်ပညာများကို အမှန်တကယ်ကျွမ်းကျင်၍ အရည်အသွေးပြည့်ဝသော သူနာပြုကောင်းများဖြစ်လာအောင် ကျင့်ဝတ်များနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်တတ်အောင် ကြိုးစားသင်ယူကြရန်…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင် ဘော်လီဘောအသင်းနှင့် ရေကူးအသင်းတို့အား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်

မြစ်ကြီးနား     ဇွန်    ၂           ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင် အမျိုးသမီးဘော်လီဘောအသင်းနှင့် ရေကူးအသင်းတို့အား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ အားကစားသမားများအား တွေ့ဆုံပြီး အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။           ‌အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က  ယနေ့ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် မိမိကိုယ်တိုင်၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုရှိပြီး ပြိုင်ပွဲမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကာ  အားကစားသမားကောင်းစိတ်ဓာတ်၊ အကျင့်စာရိတ္တကောင်းတို့ဖြင့် ပြိုင်ဘက်အားကစားသမားများအပေါ် လေးစားမှုဖြင့် ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်းနှင့် ယနေ့ ပေးအပ်လိုက်သည့် အောင်နိုင်ရေးအလံသည် ပြည်နယ်တစ်ခုလုံး၏ ချစ်ခြင်းမေတ္တာ၊ စုစည်းမှုနှင့် မျှော်လင့်ချက်များကို ကိုယ်စားပြုသည့်အတွက် ပြည်နယ်ဂုဏ်ဆောင်…

Read Full News

ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီး မြစ်ကြီးနားမြို့နယ်အတွင်းရှိ သမဝါယမအသင်းစုပိုင် ဖြိုးဝေဝေ စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ခခူးရက်ကန်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး၊ သမဝါယမဦးစီးဌာန လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇွန် ၁           ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ပြည်နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇွန် ၁ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့နယ်အတွင်းရှိ သမဝါယမအသင်းစုပိုင် ဖြိုးဝေဝေ စက္ကူနှင့် စာအုပ်ထုတ်လုပ် ရေးလုပ်ငန်းနှင့် ခခူး ရက်ကန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးလှမြင့်၊ တာဝန်ရှိသူများလိုက်ပါလျက် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့် တင်ရေး ရန်ပုံငွေ မတည်ပံ့ပိုးမှုဖြင့် ဒေသတွင်း ပထမဆုံး နှစ်ဖက်ချောစက္ကူနှင့် ဗလာစာအုပ် ထုတ်လုပ် နိုင်ခဲ့သည့် ဖြိုးဝေဝေ စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်ပိုင် စက်ရုံသို့ သွား ရောက်ပြီး စက်ရုံအတွင်း…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ မြို့တော်အင်္ဂါရပ်နှင့်အညီ ပန်းများဖြင့် ဝေဆာဖူးပွင့်၍ သန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်ဆေး၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ပညာ သင်ကြားနေမှုနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်နှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်၊ ကသာမြို့နယ်မှ ယာယီတိမ်းရှောင် လာသော အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     ဇွန် ၁           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပပြီး လမ်းလယ်ကျွန်းများ၊ လမ်းဘေးဥယျာဉ် (Road Side Garden) များတွင် ပန်းများဖြင့် ဝေဆာဖူးပွင့်နေစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့၌ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ‌အောင်ဇေရန်အောင်ဘုရား အနီး ပြည်ထောင်စုလမ်းမကြီးဘေးရှိ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အများပြည်သူအပန်းဖြေနိုင် ရေး ဆောင်ရွက်ပေးခဲ့သော မလိခဥယျာဉ်သို့ သွားရောက်ပြီး ပန်းဥယျာဉ်အတွင်း ကလေးကစားကွင်းနှင့် အတူ မြေယာရှုခင်းပြုပြင်၍ ပန်းများဖြင့် အလှပြုပြင်ထားရှိမှု၊ ဥယျာဉ်ရေဝင်ရောက်မှု မရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့သစ်ကြီးရေနှုတ်မြောင်းအား တူးဖော်၍ တာဘောင်ဖို့ဆောင်ရွက်…

Read Full News

မြစ်ကြီးနားမြို့၌ ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း ပြုလုပ်

မြစ်ကြီးနား     ဇွန်  ၁           ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများမှ ဥပဒေ အရာရှိများအတွက် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံ မေးမြန်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့သည်။           ပြည်နယ်ဥပဒေချုပ်က ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိကျင့်ဝတ် များကို ကောင်းစွာသိရှိလိုက်နာခြင်းဖြင့် ပြည်သူများ၏ ယုံကြည်အားကိုးမှုရရှိစေရေး ဖော်ဆောင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားကာ သက်ဆိုင်ရာကျင့်ဝတ် ကြီးကြပ်ရေးအဖွဲ့ဝင်များက ပြည်နယ် ဥပဒေချုပ်ရုံးအပါအဝင် ခရိုင်/ မြို့နယ် ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိ များအား ကျင့်ဝတ်ဆိုင်ရာမေးမြန်း ဆွေးနွေးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Read Full News

ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ (၆/၂၀၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ကျင်းပ

မြစ်ကြီးနား     ဇွန် ၁           ကချင်ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးနှင့် တရားဝင် ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေးအတွက် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ (၆/၂၀၂၆)  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌ၊ ဗိုလ်မှူးကြီးကျော်သူရက တရားမဝင်ကုန်သွယ်မှုများနှင့် စပ်လျဉ်း၍ရုံးလုပ်ငန်းအဖွဲ့ အား စနစ်တကျဖွဲ့စည်းထားရန်၊ ပြည်နယ်/ ခရိုင်အထူးအဖွဲ့များအနေဖြင့် ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်တွင်ရှိသည့် စစ်ဆေးရေးဂိတ်များ၊ နယ်စပ်ဝင်/ထွက်ဂိတ်များ၊ လေဆိပ်များမှ တရားမဝင် ကုန်စည်များ နေ့စဉ်ဖမ်းဆီးရမိမှုများနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်ကြရေး၊ တရားမဝင်ကုန်ပစ္စည်းများ ထိထိရောက်ရောက် တားဆီးဖမ်းဆီးဆောင်ရွက်နိုင် ရေး ချမှတ်ထားသည့် မဟာဗျူဟာ၊ နည်းဗဟာများနှင့်အညီ သက်ဆိုင်ရာဌာနများနှင့်…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မန္တလေး- မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်သဖြင့် နိုင်ငံတော်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပေးပို့လာသည့် ဒုတိယအကြိမ် ဝင်ရောက်လာသော မော်တော်ယာဉ်များမှ ဆေးဝါးနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များ ပါရှိလာမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မေ ၃၁           မန္တလေး-မြစ်ကြီးနားဆက်သွယ်‌ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သဖြင့် နိုင်ငံတော် အစိုးရအဖွဲ့အစီအစဉ်ဖြင့် ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ပေးပို့ခဲ့သည့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသခံပြည်သူများအတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္ဏည်းများ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများ၊ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ အတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များသည် ဒုတိယအကြိမ် အဖြစ် ကချင်ပြည်နယ်သို့ ရောက်ရှိလာခဲ့သည်။ ထို့သို့ မော်တော်ယာဉ်များ ရောက်ရှိလာမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မြစ်ကြီးနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များနှင့် ဗလာစာအုပ်များ ပို့ဆောင်ပေးမှုကို လည်းကောင်း၊ မြစ်ကြီးနားမြို့…

Read Full News

ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး မိသားစုဝင်ငွေတိုးပွားရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ တိုးပွားလာစေရေးအတွက် ဖွင့်လှစ်သော တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဇွန် ၁           မိသားစုဝင်ငွေ တိုးပွားစေရန်၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရန် ရည်ရွယ်၍ ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန က တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ တက်ရောက်ဖွင့်လှစ်ပေးသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက ယနေ့ သင်တန်းသည် ပြည်တွင်းထွက် သစ်သီးဝလံများနှင့် ဂျုံကို အခြေခံ၍ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်အမယ်သစ်များ ထွက်ပေါ်လာစေခြင်း၊ ပြည်ပမှ စားသောက်ကုန်များ တင်သွင်းမှု လျော့နည်းလာစေသည့်အပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ တိုးပွား၍ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ‌ဥပဒေနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များအဖြစ် ကိုယ်ပိုင်စီးပွားရေး…

Read Full News