
ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ မြစ်ကြီးနားတက္ကသိုလ် ဘာသာပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုများ တက်ရောက်ချီးမြှင့်
မြစ်ကြီးနား သြဂုတ် ၆ မြစ်ကြီးနားတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ် ၅ ရက် ညနေ ၃ နာရီခွဲက တက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် သမိုင်းအသင်းနှင့် ဘူမိအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဍကျော်ထင်ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး၊ သယံဇာတ ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ နည်းပြဆရာ၊ ဆရာများ၊ ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြရာ သမိုင်းအသင်းက ဘူမိအသင်းအား ၄ ဂိုး ၃ ဂိုးဖြင့်…