
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုခရိုင်အတွင်းရှိ မီးဘေးသင့်ပြည်သူများနှင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ပြီး ကောင်းမှုလုံစေတီတွင် မူလဘုရားဒါယကာများ၏ ရုပ်ထုများထားရှိပူဇော်ပွဲသို့ တက်ရောက်အားပေး
ပူတာအို မေ ၁၉ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့၌ ခရိုင်အတွင်းရှိ မီးဘေးသင့်ပြည်သူများနှင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ် ခြင်းနှင့် ကောင်းမှုလုံစေတီတော်တွင် ဘုရားတည်လှူခဲ့သော မူလဘုရားဒါယကာများ၏ စကျင် ကျောက်သားရုပ်ထုများ ဖွင့်ပွဲအခမ်းအနားများသို့ မေ ၁၈ ရက်တွင် တက်ရောက်အားပေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပူတာအိုမြို့ရှိ သင်တန်းခန်းမဆောင်၌ ပူတာအို ခရိုင်အတွင်း ထလာထုကျေးရွာမီးဘေးသင့်ပြည်သူများနှင့် ဆွတ်ပီယန်နှင့် လုံရှာယန်ကျေးရွာအုပ်စု တို့မှ နယ်မြေအခြေအနေအရ နေရပ်စွန့်ခွာတိမ်းရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်း အနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံများအား အားပေးအမှာစကားပြော ကြားကာ ထလာထုကျေးရွာ မီးဘေးသင့်အိမ်ထောင်စု(၁၀)စု၊ လူဦးရေ (၈၅)ဦးတို့အတွက် ထောက်ပံ့ ငွေကျပ်သိန်း…