ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ စုစုပေါင်း တန်ဖိုးငွေကျပ်(၆၂)သိန်းကျော် ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     မေ ၃၀           ကချင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကချင်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မေ ၃၀ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာ ထမ်း၊ အမှုထမ်းဝန်ထမ်းများ၏ သားသမီးကျောင်းသား/ ကျောင်းသူများအား မိမိတို့အစိုးရအဖွဲ့ အနေဖြင့် စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ ရုံးလုပ်ငန်းအခက်အခဲ၊ ကိုယ်ရေးကိုယ်တာအခက်အခဲ၊ မိသားစုအခက်အခဲများကို ဖြေရှင်းဆောင်ရွက် ပေးရန် တာဝန်အပြည့်အဝရှိသကဲ့သို့ ဝန်ထမ်းများ၏ ရပိုင်ခွင့်များကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးရန် တာဝန်ရှိပါကြောင်း၊ ယနေ့ဝန်ထမ်းများ၏…

Read More

ကချင်ပြည်နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား မြစ်ကြီးနားမြို့၌ ပြုလုပ်ကျင်းပ

မြစ်ကြီးနား     မေ ၂၉           ကချင်ပြည်နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကို မေ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိဘများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။           ရှေးဦးစွာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကချင်ပြည်နယ်ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်  ဆိုင်းဘုတ်ကို ပြည်နယ်ဝန်ကြီးချုပ်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်ပညာရေးမှူး ဦးကြည်စိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။           ထို့နောက် အေးမြသီတာခန်းမ၌ ကျောင်းအပ်နှံရေးနေ့…

Read More

ကချင်ပြည်နယ်အစိုးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ မြစ်ကြီးနားမြို့ မြို့မစျေး၌ Mask Campaign အစီအစဥ်ဖြင့် အသိပညာပေးခြင်းနှင့် အခြေခံပညာကျောင်းများတွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

မြစ်ကြီးနား     မေ ၂၈         ကချင်ပြည်နယ်အစိုးရအဖွဲ့ကဦးဆောင်၍ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ၊ မြစ်ကြီးနားမြို့ မြို့မစျေး၌ Mask Campaign အစီအစဥ်ဖြင့် အသိပညာပေးခြင်းနှင့် အခြေခံပညာကျောင်းများ သန့်ရှင်းသာယာရေးတို့အတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို မေလ ၂၈ရက် နံနက်၇နာရီမှ စတင်၍ သတ်မှတ်နေရာများအလိုက် ဆောင်ရွက်ခဲ့ကြသည်။         ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ ၊ပြည်နယ်ဥပဒေချုပ်တို့က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မြို့မဈေး၌ ဈေးရောင်း၊ ဈေးဝယ်များ၊ လမ်းသွား လမ်းလာ ပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး၊ ကိုဗစ်-၁၉ ကာကွယ်ရေး ပေါ့ဆမှု မရှိကြရန်၊ ကူးစက်ရောဂါအမျိုးမျိုးမှ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း Maskများ စနစ်တကျ တပ်ဆင်ကြရေး အသိပညာပေး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား     မေ ၂၇           ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် (အမျိုးသား) (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြစ်ကြီးနားမြို့၊ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ မေ ၂၇ ရက် နံနက် ၉ နာရီခွဲတွင် နောက်ဆုံး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။           ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားမြို့နယ်အသင်းနှင့် ပူတာအို မြို့နယ်အသင်းတို့ အမျိုးသား (၃)ယောက်တွဲပြိုင်ပွဲ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက တက်ရောက်အားပေးခဲ့ကြရာ  မြစ်ကြီးနားမြို့နယ်အသင်းက အနိုင်ရဗိုလ်စွဲသည်။           ထို့နောက် ဆုချီးမြှင့်ပွဲ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်နှံလက်ခံဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခြင်းနှင့် ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     မေ ၂၆           ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံ‌ရေးသီတင်းပတ်အဖြစ် ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားခွင့်ရရှိရေး အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၆ ရက်တွင် စတင်လက်ခံဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်  မြစ်ကြီးနားမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ကျောင်းအပ်လက်ခံဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။           ထို့သို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားမိဘများက မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်အလိုက် ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းနှင့် ဆရာ/ ဆရာမများက ကျောင်းအပ်လက်ခံခြင်း၊ ပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ များ ဖြန့်ဝေပေးအပ်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဆရာ၊ ဆရာမများ၊ကျောင်းသားမိဘများ၊ ကျောင်းသား/ သူများအား ရင်းရင်းနှီးနှီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေမီးသတ်စခန်း အဆောက်အဦသစ်ဆောက်လုပ်နိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနား၊ ဝန်ကြိးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် မြစ်ကြီးနားဘူတာနယ်မြေဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများသို့ တက်ရောက်

မြစ်ကြီးနား    မေ ၂၄           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေးနှင့် မီးလောင်မှုဖြစ်ပွား လာပါက မီးငြှိမ်းသတ်ခြင်းလုပ်ငန်းကို လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၆၈.၁၅ သန်း ဖြင့် ပြည်နယ်မီးသတ်ဦးစီး ဌာနမှ အသစ်တည်ဆောက်သွားမည့် လယ်ကုန်းနယ်မြေမီးသတ်စခန်း (၄၅× ၅၀×၂၆)ပေ RC (၂)ထပ် အဆောက်အဦသစ်ဆောက်လုပ်နိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနားကို မေ ၂၄ ရက် နံနက် ၈ နာရီခွဲက လယ်ကုန်းရပ်ကွက်ရှိ အဆိုပါ နယ်မြေမီးသတ်စခန်းမြေနေရာ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ နယ်မြေမီးသတ်စခန်း (၄၅× ၅၀×၂၆)ပေ RC (၂)ထပ် အဆောက်အဦသစ်ဆောက် လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် အဆောက်အဦကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် Excal Fomat ဖြင့် နိုင်-၄ မှတ်တမ်းများ Software အတွင်း ထည့်သွင်း ခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးတွင် အစောဆုံးပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်

မြစ််ကြီးနား     မေ ၂၃           (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် နိုင်ရေးအတွက် ပြည်နယ်အဆင့် ပြိုင်ပွဲများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၂၃ ရက် မွန်းလွဲ  ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုနှစ် ပြိုင်ပွဲသည် ပြိုင်ပွဲအဆင့်နှင့် ဘာသာရပ်များအပြင် တိမ်မြှုပ်ပျောက်ကွယ်လုနီးပါးဖြစ်သော ဇာတ်တော်ကြီး ပြင်ပွဲ၊ ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲများကို ထည့်သွင်းယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် ထူးခြားသည့် ပြိုင်ပွဲတစ်ခု ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် နေပြည်တော်သို့ သွားရောက် ယှဉ်ပြိုင်နိုင်ရေး၊ ပြည်နယ်အဆင့်ပြိုင်ပွဲကို မြန်မာ့ရိုးရာယဉ်ကျေးမှု…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်က်ြီးနားတက္ကသိုလ်ဝင်းအတွင်း မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စုပေါင်းစိုက်ပျိုး

မြစ်ကြီးနား     မေ ၂၁           ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ‌တော် ကို မေ ၂၁ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ နှင့် ဖူဆယ်ဘောလုံးကွင်းဘေး ကွင်းပြင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။           မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာ ၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်တို့သည် ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြစ်ကြီးနားတက္ကသိုလ်ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ နည်းပြဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အရပ်ဖက်လူမှုပရဟိတအသင်းအဖွဲ့များ စုပေါင်း၍ သတ်မှတ်နေရာအသီးသီး၌ ယမနေ၊ သစ်အယ်၊ ပျဉ်းကတိုး၊ တမလန်း၊ မျောက်လုပ်၊ သစ်တို၊ ခလောင်၊ ငါးပေါက်၊ ချယ်ရီ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသည့် တောင်သူများ တက်ရောက်နေသော မေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း၊ အစာအချဉ်ဖတ် ပြုလုပ်ခြင်းနှင့် ဇီဝမြေသြဇာပြုလုပ်နည်းသင်တန်းသို့ သွားရောက်တွေ့ဆုံအားပေး

မြစ်ကြီးနား     မေ ၂၀           ကချင်ပြည်နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသော တောင်သူများ အား ကချင်ပြည်နယ်၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန် အပင်စိုက်ပျိုးခြင်း၊ အစာချဥ်ဖတ်ပြုလုပ်ခြင်းနှင့် ဇီဝမြေသြဇာပြုလုပ်နည်းသင်တန်းကို အဆိုပါ ဦးစီး ဌာန၊ သင်တန်းခန်းမ၌ သင်ကြားပို့ချလျက်ရှိရာ ယနေ့ မေ ၂၀ ရက် နံနက် ၁၀ နာရီခွဲက  ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ ကြသည်။           အဆိုပါ သင်တန်းကို မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော မြစ်ကြီးနား၊ ဝိုင်းမော်၊ အင်ဂျန်းယန်မြို့နယ်တို့မှ ဒေသခံသင်တန်းသား ၁၅ ဦးတို့ဖြင့် မေ ၁၆ ရက်နေ့မှ စတင်၍ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက စာတွေ့/ လက်တွေ့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်တင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်၊မြစ်ကြီးနားတက္ကသိုလ် တို့တွင် တက်ရောက်‌ပညာသင်ကြားကြမည့် မောင်မယ်သစ်လွင်များအားကြိုဆိုအားပေး

မြစ်ကြီးနား     မေ ၁၉           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊  ပြည်နယ်အဆင့် ကျောင်းအပ်နှံ ရေးသီတင်းပတ် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို မေ ၁၉ ရက် နံနက် ၉ နာရီက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။           ရှေးဦးစွာ ဇွန်လ (၂)ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ မေ ၂၆ ရက်မှ ဇွန် ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖဲကြိုးဆွဲဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးများနှင့်အတူ ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးခဲ့ကြသည်။         ထိုမှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆရာအတတ်သင်ပညာဦးစီးဌာန၊ မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်တွင် ၄ နှစ်သင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့်…

Read More