ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့၌ တပ်မတော်လေယာဉ်ဖြင့် လာရောက်ပို့ဆောင်သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက  မြစ်ကြီးနားမြို့၌ တပ်မတော်လေယာဉ်ဖြင့် လာရောက်ပို့ဆောင်သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၃၀

          ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ် – ၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm များကို ဇူလိုင် ၃၀ ရက် မွန်းလွဲ ၂ နာရီ တွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားနန်ပေါင်လေဆိပ်သို့ ရောက်ရှိခဲ့ ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယနေ့ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ မှာ တရုတ်ပြည်သူသမ္မတနိုင်ထုတ် Sinopharm အမှတ်တံဆိပ်ပါကာကွယ်ဆေး (၈၈၀၀)လုံးနှင့် Sinovacအမှတ်တံဆိပ်ပါ ကာကွယ်ဆေး (၁၅၇၃)လုံးတို့ဖြစ်ပြီး ကာကွယ်ဆေးများကို တပ်မတော် လေယာဉ်မှ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးတို့က လက်ခံရယူခဲ့ကြပြီး လက်ခံရရှိသည့် ကာကွယ်ဆေး များကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်နှင့် ကျန်းမာ ရေးဝန်ထမ်းများက စစ်ဆေးရေတွက်ကာ လေယာဉ်ဖြင့် ဗန်းမော်ခရိုင်အတွက် ကာကွယ်ဆေးများ ကို ဆက်လက်ပို့ဆောင်ပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ နှင့်အတူ မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (အာလမ်-၁)သွားရောက်ပြီး အဆိုပါကျောင်း၌ အာလမ်၊ အူဗျစ်နှင့် ဒွန်ဂမ်ကျေးရွာတို့မှ ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ဆက်စပ်ခဲ့သည့် ပြည်သူများအား ရပ်/ရွာအခြေပြု ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ထပ်တိုးအတည်ပြုလူနာ ၃ ဦးတို့ထပ်မံတွေ့ ရှိခဲ့သဖြင့် ၎င်းတို့အား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တွေ့ဆုံအားပေးစကားပြော ကြားပြီး လူနာနှင့် မိသားစုများအတွက် နေထိုင်စားသောက်မှုအဆင်ပြေစေရေး ထောက်ပံ့ငွေများ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။