ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ကာလအတွင်း ပြည်နယ်ထွေ/အုပ်ဝန်ထမ်း များအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေ များပေးအပ်

 ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ကာလအတွင်း ပြည်နယ်ထွေ/အုပ်ဝန်ထမ်း များအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေ များပေးအပ်

မြစ်ကြီးနား     ဇူလိုင် ၃၁

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လာ သည့်အတွက် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာမိသားစုများ၊ စားသောက်မှုခက်ခဲသော ဘာသာ ရေးကျောင်းများ၊ ပရဟိတကျောင်းများနှင့် နေရပ်စွန့်ခွာစခန်းများအတွက် အခြေခံစားသောက် ကုန်များကို ထောက်ပံ့ပေး လျက်ရှိရာ ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်ထွေ/အုပ်ဝန်ထမ်းများအား အခြေခံစား သောက်ကုန်များနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားမှုမြင့်တက်လာသည်နှင့်အမျှ ပြည်နယ်အ တွင်းရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများ အပါအဝင် စားသောက်မှုခက်ခဲလျက်ရှိသော မိသားစုများ အတွက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ သို့ရာတွင် ကိုဗစ်-၁၉ ကို  မိမိတို့၏ ဝန်ထမ်းမိသားစုများ သည်လည်း ရင်ဆိုင်ကျော်ြဖတ်နေရသည့်အတွက် ဝန်ထမ်းမိသားစုများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရေးကိုလည်း ကူညီထောက်ပံ့ပေးရခြင်းဖြစ်ပါကြောင်းနှင့် ယနေ့ ဖြစ်ပွားနေသည့် ကပ်‌ရောဂါကို အကောင်းဆုံးနှင့် ကျန်းမာစွာကျော်ဖြတ်နိုင်ကြစေလိုကြောင်း အားပေးတိုက်တွန်း ပြောကြားသည်။

          ယင်းနောက် ပြည်နယ်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာထမ်း/အမှုထမ်းဝန်ထမ်း ၃၀၀ ဦးတို့အတွက် ဆန် (၅)ပြည်၊ ဆီ (၁)ပိသာ၊ ကုလားပဲ (၅၀)သား၊ ကြက်ဥ (၂၅)လုံးနှင့် ငွေသား ၁၀၀၀၀ စီတို့ဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားထောက်ပံ့ငွေကျပ်သိန်း (၉၀)ကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ အရာထမ်း/ အမှုထမ်းများက လက်ခံရယူခဲ့ကြပြီး ဝန်ထမ်းများကိုယ်စား ဌာနခွဲစာရေးဒေါ်ဥမ္မာမြိုင် က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          အလားတူ ဇူလိုင် ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်နှင့် ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးတို့က မြို့နယ် OSS ရုံး၊ မနောရွှေပြည်ခန်းမ၌ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်၂၄ ရပ်ကွက်မှ ကိုဗစ်-၁၉ ရောဂါခံစား နေရသည့် အိမ်ထောင်စု ၃၃၂ စု၊ လူဦးရေ ၆၆၂ ဦးတို့အတွက် (၈)ပြည်ဝင် ဆန်အိတ်ပေါင်း ၃၂၂ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်