တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်းစန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ကုသရေးသုံးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လက်ခံရယူ

 တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်းစန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ကုသရေးသုံးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လက်ခံရယူ

မြစ်ကြီးနား     ဇူလိုင် ၃၀

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ ပေးပို့လှူဒါန်း ခဲ့သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ လွှဲပြောင်း လက်ခံရယူခဲ့ကြသည်။

          ပေါင်းစန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရထံမှ ပေးပို့လှူဒါန်းသည့် ပစ္စည်းများ လက်ခံရရှိမှုနှင့် ပတ်သက်၍ ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ နိုင်ငံနှင့် နှစ်ပေါင်းများစွာ ရင်းနှီးချစ်ကြည် လာသည့် ဆွေမျိုးပေါက်ဖော်များထံမှ ယခုလို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များကို လက်တွဲဆောင်ရွက်ခွင့်ရသည့်အပြင် ပြည်နယ်အတွင်း လိုအပ်လျက်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့သည့်အတွက် အထူးပင်ကျေးဇူး တင်ရှိကြောင်း ဂုဏ်ပြုပြောကြားသည်။

          ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲပြည်သူ့အစိုးရထံမှ လှူဒါန်း သည့် တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ (PPE) အစုံ ၃၀၀၀၊ N95 နှာခေါင်းစည်း Mask ၁၀၀၀၀၊ ဆေးရုံသုံးနှာခေါင်းစည်း Mask တစ်သိန်း၊ မျက်နှာကာမျက်မှန် (Face Shild) ၂၀၀၀ ခု၊ တစ်ခါသုံး ကာကွယ်ရေးဝတ်စုံ ၁၀၀၀ ၊ ဆေးရုံသုံးလက်အိတ် ၅၀၀၀၀ နှင့် သာမိုစကင်နာ ၃ လုံးတို့ကို ပေါင်စန်းပြည်နယ်ခွဲပြည်သူ့အစိုးရကိုယ်စား ပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်ဦး စီးမှူး ဦးအောင်ဝင်းက လွှဲပြောင်းပေးအပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ခံ ရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

          ထို့နောက် လှူဒါန်းလက်ခံပွဲအပြီးတွင် အစည်းအဝေးခန်း၌ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပေါင်စန်းကွန်မြူနစ်ပါတီဥက္ကဋ္ဌ Yang Jun ၊ ပေါင်စန်းပြည် နယ်ခွဲပြည်သူ့အစိုးရနှင့် ပေါင်စန်းကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် တရုတ်-မြန်မာနှစ်နိုင်ငံ ကိုဗစ်-၁၉ ရောဂါပူးတွဲကာကွယ်ရေးလုပ်ငန်းများ ပိုမိုအားကောင်းခိုင်မာလာစေရေးနှင့် ပြည်နယ် အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ Video Conference စနစ်ဖြင့် ရင်းရင်းနှီးနှီးညှိနှိုင်းဆွေးနွေးခဲ့ကြသည်။