ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၌ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးပစ္စည်းများ ဖြည့်ဆည်းထောက်ပံ့ပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၌ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးပစ္စည်းများ ဖြည့်ဆည်းထောက်ပံ့ပေးအပ်

မိုးမောက်       သြဂုတ် ၁၂

          ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဖြည့်ဆည်းစီမံဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်နယ်ဝန် ကြီးချုပ် ဦးခက်ထိန်နန်သည်   ဗန်းမော်မြို့သို့ ယနေ့ မွန်းလွဲ ၃ နာရီတွင် လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိပြီး မိုးမောက်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ ငွေများပေးအပ်ခဲ့သည်။

          ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့မှတစ်ဆင့် မိုးမောက်မြို့သို့ သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်းများနှင့် တွေ့ ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများ ပူးပေါင်းပါဝင်ရေးနှင့် မိမိ တို့အနေဖြင့် လိုအပ်သည့် ဖြည့်ဆည်းဆောင်ရွက်မှုများကို အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကို အလေးထား ကြိုးပမ်းဆောင်ရွက်နေ သကဲ့သို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးအခြေခံသည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အလေးထားဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေး မှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝဏ္ဏစိုးအောင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေ၊ ကာကွယ်ထိန်းချူပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ကာကွယ်ဆေးထိုးနှံ ပေးနိုင်မှု အခြေအနေများနှင့် အောက်စီဂျင်ရရှိမှု၊ လိုအပ်မှု အခြေအနေများကိုတင်ပြပြီး မြို့နယ် အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအ နေများကို အသီးသီးတင်ပြကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြို့နယ်အတွင်း ကုသမှုခံယူ နေသော ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် ဆန် (၈)ပြည်အိတ် ၇၀ အိတ်၊  မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ကော်မတီနှင့်စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ ဖြစ်သည့် PPE ဝတ်စုံ ၁၅၀ ၊ နှာခေါင်းစည်း Mask ၃၃၀၀ ခု၊ လက်အိတ် ၃၀၀ စုံ၊  Hand Gel များနှင့် ပိုးသတ်ဆေးဘူးကြီး ၅ ဘူး၊ ဆပ်ပြာခဲ ၂၀၀တို့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့ (၂)ခုနှင့် ကတ်သလစ်နှင့် နှစ်ခြင်း အသင်းတော်(၂)ခုတို့အတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၂၇၀၀၀၀၀ ကျပ်ကို အသီးသီးထောက် ပံ့ပေးအပ်ခဲ့ကြသည်။  

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မိုးမောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံအုပ်ကြီးနှင့် သူနာပြုဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပြီး ကိုဗစ်-၁၉ စစ်ဆေးနိုင်ရေး Test Kit အစုံ ၂၀၀ နှင့် ဆေးရုံဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၄၅၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး မိုးမောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ အတည်ပြုလူနာများသီးသန့်ထား နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ဗန်းမော်မြို့ အမှတ် ၁၁ စစ်မြေပြင်ဆေးတပ်ရင်း တပ်မတော်ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသော မိုးမောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် ရပ်ကျေးအုပ်ချုပ် ရေးမှူတို့အား တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေကျပ် ၇၀၀၀၀၀ ကိုထောက်ပံ့ ပေးအပ်ခဲ့ကြပြီး တပ်မတော်ဆေးရုံအတွက် Test Kit အစုံ ၂၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။