ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနှင့် ရမ်ပူရပ်ကွက်များအတွင်း ကတ္တရာလမ်းသစ်များ ဖွင့်လှစ်ပေးပြီး အမှုထမ်းအဆင့်အခြေခံစစ်ရေးပြသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနှင့် ရမ်ပူရပ်ကွက်များအတွင်း ကတ္တရာလမ်းသစ်များ ဖွင့်လှစ်ပေးပြီး အမှုထမ်းအဆင့်အခြေခံစစ်ရေးပြသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၁

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကြက်ပေါင်ခြံရပ်ကွက်အတွင်း ဂေါက်ကွင်းသွားလမ်းနှင့် ရမ်ပူရပ်ကွက်အတွင်း မာမဃကျောင်း လမ်းကတ္တရာလမ်းသစ်များ ဖွင့်ပွဲကို နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲတွင် ဂေါက်ကွင်းလမ်း၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက ဆောင်ရွက်ပြီးစီး ခဲ့သည့် ကတ္တရာလမ်းသစ်များအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြို့တွင်းလမ်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ပြီး မြို့သစ်ကြီးရပ်ကွက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ် မှူးချုပ် မြတ်သက်ဦး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့ ယာယီညွှန်ကြားရေးမှူး ဦးကျော်လင်းနှင့် ဂင်လွမ်းကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဒေါင်လွမ်းတို့က ကြက်ပေါင်ခြံရပ်ကွက် ဂေါက်ကွင်းသွားလမ်းနှင့် ရမ်ပူရပ်ကွက်၊ မာမဃ ကျောင်းလမ်း ကတ္တရာလမ်းသစ်တို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကတ္တရာလမ်းသစ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ကချင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် မြစ်ကြီးနားမြို့အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ရန်ပုံငွေကျပ်သန်း (၆၆၄၆.၀၇၆)သန်းဖြင့် အဆင့်မြင့်နိုင်လွန်ကတ္တရာလမ်း (၁၁)လမ်း၊ ကွန်ကရစ်လမ်း (၄)လမ်း၊ ကတ္တရာ(၃လွှာ)လမ်း (၂၆)လမ်း စုစုပေါင်းလမ်းမိုင် (၁၇ မိုင် ၄.၃၄ ဖာလုံ) နှင့် Box Culvert နှင့်ရေပြွန်တံတား (၅၂)စင်း၊ ကွန်ကရစ်တံတား ပေ(၃၀)အထက် (၂)စင်းနှင့် အခြား တည်ဆောက်ရေးလုပ်ငန်း(၈)ခုတို့အား ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ် Mini Budget တွင်လည်း အစိုးရအဖွဲ့ရန်ပုံငွေကျပ်သန်း (၃၇၉၇.၆၀၀)သန်းဖြင့် အဆင့်မြင့် နိုင်လွန်ကတ္တရာလမ်း (၃)လမ်း၊ ကွန်ကရစ်လမ်း (၁)လမ်း၊ ကတ္တရာ (၃လွှာ)လမ်း (၁၅)လမ်းနှင့် စုစုပေါင်း လမ်းမိုင် ၈ မိုင်ကျော်နှင့် Box Culvert နှင့် ရေပြွန်တံတား (၁၇)စင်း၊ အခြားတည်ဆောက် ရေးလုပ်ငန်း (၉)ခုတို့ကို လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးရုံး မိုးလုံလေလုံအားကစားခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ   အမှုထမ်းအဆင့် အခြေခံစစ်ရေးပြ၊ ဘာသာရပ်ဆိုင်ရာ နှင့် ကွန်ပျူတာရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းသစ်များအနေဖြင့် လဝကဝန်ထမ်းဘဝကို ကျကျနနခံယူပြီး နိုင်ငံတော်နှင့် ပြည်သူများ အားကိုးယုံကြည်လေးစားရသည့် ဝန်ထမ်းကောင်း တွေဖြစ်လာဖို့အတွက် ဒီသင်တန်းငယ်ကနေ စတင်ကြိုးစားသွားကြရန် လိုကြောင်း၊ ပြည်သူတွေအတွက် လူမှုဘဝပြည်စုံဖို့ နိုင်ငံသားကတ်ကိုင် ကြစို့ ဆိုသည့် ဌာန၏ယနေ့ဆောင်ပုဒ်နှင့်အညီ ပြည်သူတွေအပေါ် စေတနာအပြည့်နဲ့ ဆောင်ရွက် ပေးပြီး နိုင်ငံ့ကောင်းကြိုးကို ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုဝင်ဘာ (၁)ရက်နေ့မှ ၅ ရက်နေ့ အထိသင်တန်းတက်ရောက်သွားကြမည့် ဝန်ထမ်းသစ်သင်တန်းသား (၂၄)ယောက်တို့အား ရင်းရင်း နှီးနှီးတွေ့ဆုံအားပေးခဲ့သည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ မတ်လအထိ (၆) ဒေသန္တရစီမံကိန်း၊ နိုင်ငံပိုင်ကဏ္ဍငွေလုံးငွေရင်းအသုံးစရိတ် ဖြင့်ဆောင်ရွက်မည့် လုပ်ငန်း၊ လုပ်ငန်းစီမံကိန်းများ၏ စီမံကိန်းတန်ဖိုးပြောင်းလဲခြင်းနှင့် စပ်လျဉ်း ၍ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်ဆိုင်ရာ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများအနေ ဖြင့် ဝန်ကြီးဌာန၏ ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ အမြန်ဆုံးအောင် မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အလေးထား ညှိနှိုင်းဆွေးနွေးရမည်ဖြစ် ကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဘဏ္ဍာ‌ရေးဆိုင်ရာလုပ်ထုံးလုပ်နည်း များနှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်နယ်စီမံကိန်းဦး စီးဌာန၊ ပြည်နယ်ဦးစီးမှူးက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လဒေသန္တရစီမံကိန်း၊နိုင်ငံပိုင်အခန်း ငွေလုံးငွေရင်းများ၏ စီမံကိန်းတန်ဖိုးပြောင်း လဲခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းဆွေးနွေးခဲ့ကြ သည်။

          ညှိနှိုင်းဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့်အညီ အကောင်အထည်ဖော်နိုင်ရေးအတွက်         ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။