ကချင်ပြည်နယ်အတွင်း ဝဥစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတိုးတက်လာစေရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝဥမျိုးစေ့များဖြန့်ဝေပေးအပ်

 ကချင်ပြည်နယ်အတွင်း ဝဥစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတိုးတက်လာစေရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝဥမျိုးစေ့များဖြန့်ဝေပေးအပ်

မြစ်ကြီးနား     မတ် ၃၁

          ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေး အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝဥစိုက်ပျိုးထုတ်လုပ်မှုအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် မတ် ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌  ဝဥစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပြီး ဝဥမျိုးစေ့များကို  ဖြန့်ဝေပေးအပ် ခဲ့သည်။

          ဝဥမျိုးစေ့များဖြန့်ဝေပေးအပ်ရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်ပါအတိုင်း ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့်ကုန်ထုတ် လုပ်မှုကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တောင်သူများဘဝ တိုးတက်မြင့်မားလာစေရေးအတွက် ဝင်ငွေမြင့်မားပြီး ဈေးကွက်ရှိပြီးဖြစ် သည့် ဝဥကို ပြည်နယ်၏စီးပွားရေးထုတ်ကုန်တစ်ခုအဖြစ်အောင်မြင်အောင်အကောင်အထည်ဖော်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ကောင်စီအဖွဲ့အနေဖြင့် တောင်သူများအတွက်  ဝဥမျိုးစေ့ဖြန့်ဝေပေး သွားမည့်အပြင် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုနည်းပညာများကို အဘက်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ ပြည်နယ်အတွင်း ဝဥစမ်း သပ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနိုင်မှုနှင့် တောင်သူများအတွက် ဝဥစိုက်ပျိုးရေးမှ ဝင်ငွေရရှိနိုင်မည့်အခြေ အနေတို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးခင်မောင်ဝင်းက ပြည်နယ်အတွင်းတောင်သူများထံသမဝါယချေးငွေထုတ်ပေးနေမှုနှင့်နည်းပညာအကူအညီဖြင့် ထုတ်ကုန် များကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝဥစိုက်ပျိုးမည့် တောင်သူများအတွက် ဝဥမျိုးစေ့များကို တောင်သူများထံ ဖြန့်ဝေပေးအပ်ခဲ့ပြီး တောင်သူများက ဝဥစိုက်ပျိုးရေးနှင့် ပတ်သက်၍ မျိုးစေ့ရရှိနိုင်မည့်နည်းလမ်း၊ စိုက်ပျိုးစရိတ်ချေးငွေရရှိနိုင်ရေး၊ ထွက်ကုန်များဈေးကွက်ရရှိရေးစသည့် သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ကဏ္ဍအလိုက်သက်ဆိုင်ရာပြည်နယ်ဦးစီးမှူးများက ရှင်းလင်း ဖြေကြားခဲ့ကြပြီး ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေက ဝဥစိုက်ပျိုးအောင်မြင်ရေးအတွက် အကြံပြု ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။

          ဆွေးနွေးတင်ပြခဲ့မှုများအပေါ် ပြည်နယ်ကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်း ဝဥစိုက်ပျိုးထုတ်လုပ် မှုအောင်မြင်စွာဆောင်ရွက်နိုင်‌ရေး ဌာနဆိုင်ရာများ၊ တောင်သူများ ပူးပေါင်းပါဝင်သည့် ပြည်နယ်ကိုယ် စားပြု “ကချင်ပြည်နယ်ဝဥစိုက်ပျိုးရေးအသင်း” ကို ဖွဲ့စည်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနည်းပညာရရှိ ရေး၊ ထုတ်ကုန်ဈေးကွက်ရရှိရေးတို့အတွက် ပံ့ပိုးကူညီနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများက ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ဝဥစိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများ၊ ဝဥမျိုးစေ့အမျိုး မျိုးနှင့် ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။